Pages

Sunday, June 28, 2015

နေမာသည် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ကြောင်း ဖော်လန် ပြောကြား



နေမာသည် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ကြောင်း ဖော်လန် ပြောကြား

နေမာကို ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာရန် အပြည့်အဝမျှော်လင့်ထားကြောင်း ဒီယေဂိုဖော်လန်က ပြောကြားလိုက်သည်။

ဘရာဇီးလ် ကြယ်ပွင့် ကစားသမားသည် ယခုနှစ် ဘောလုံးရာသီတွင် ဘာစီလိုနာနှင့်အတူ ဖလားသုံးလုံး ရယူနိုင်ခဲ့သော်လည်း နိုင်ငံတကာအဆင့်တွင် စိတ်ပျက်စရာ အခြေအနေနှင့် ကြုံတွေ့နေရပြီး ကိုပါအမေရိကပြိုင်ပွဲတွင် ကိုလံဘီယာနှင့်ပွဲ၌ အနီကတ်ပြသခံခဲ့ရသည်။

ထို့အပြင် ၎င်းသည် လေးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ကိုပါအမေရိကပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရသော်လည်း နေမာအနေဖြင့် လီယွန်နယ်မက်ဆီနှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ကဲ့သို့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း ဖော်လန်က သုံးသပ်ခဲ့သည်။

“နေမာက ကမ္ဘာ့ကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ နောက်ပြီး သူက အကောင်းဆုံး ကလပ်အသင်းမှာ ကစားနေသူပါ။ သူက ဂိုးတွေသွင်းယူနိုင်သလို ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ သူ့ခြေထောက်ထဲ ဘောလုံးရောက်လာရင် ပဉ္စလက်အစွမ်းတွေ ပြသနိုင်သူပါ။ အခြား ဘရာဇီးလ် ကစားသမားတွေက ဥရောပမှာ အခြေကျဖို့ ခက်ခဲခဲ့ပေမယ့် နေမာကတော့ အလျင်အမြန်နဲ့ အခြေကျခဲ့တာပါ။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ တွဲကစားနေရတယ်ဆိုတာ သိထားပါတယ်။ မက်ဆီဆီကနေတောင် သူ သင်ယူမှုတွေ ပြုလုပ်နိုင်ပါတယ်။ အခုအချိန်မှာ နေမာက မက်ဆီ၊ ရော်နယ်ဒိုတို့ထက် တစ်ဆင့်နိမ့်နေမယ်ပေမယ့် မက်ဆီထက် ၅ နှစ်ငယ်ပြီး ရော်နယ်ဒိုထက် ၇ နှစ်ငယ်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ခြေစွမ်း ပိုမိုထက်မြက်လာပြီး နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်” ဟု ဖော်လန်က ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment