Pages
▼
Friday, June 19, 2015
ဖေဘင်ဟိုအတွက် ယူနိုက်တက်၏ ကမ်းလှမ်းမှုထက် နှစ်ဆပိုမို တောင်းဆိုရန် မိုနာကို လိုလားနေ
ဖေဘင်ဟိုအတွက် ယူနိုက်တက်၏ ကမ်းလှမ်းမှုထက် နှစ်ဆပိုမို တောင်းဆိုရန် မိုနာကို လိုလားနေ
မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ၎င်းတို့၏ ခံစစ်မှူး ဖေဘင်ဟိုကို ခေါ်ယူလိုပါက ကမ်းလှမ်းသည့် ဈေးနှုန်းထက် နှစ်ဆပေးချေမှသာ မိုနာကို အသင်းက အပြောင်းအရွှေ့အတွက် လက်သင့်ခံ စဉ်းစားဖွယ် ရှိနေကြောင်း သိရသည်။
ယူနိုက်တက်သည် အသက်(၂၁)နှစ် အရွယ်ရှိ ဘရာဇီးလ် ညာနောက်ခံလူကို ပေါင်စတာလင် (၁၀)သန်းဖြင့် ဝယ်ယူရန် ချဉ်းကပ်ခဲ့သော်လည်း ပြင်သစ်ကလပ်က ပေါင်စတာလင် သန်း(၂၀)ထိ အလိုရှိနေခြင်း ဖြစ်သည်။ ဖေဘင်ဟိုသည် ရီယိုအေ့ဗ် အသင်းမှ မိုနာကိုသို့ တစ်ရာသီ အငှားလာရောက် ကစားရာ အထူးတလည် ခြေစွမ်းပြနိုင်ခဲ့သည့်နောက် မိုနာကိုက ၎င်းကို အပြီးသတ် ခေါ်ယူခဲ့သည်။ မိုနာကိုသည် ဖေဘင်ဟိုကို ပြီးခဲ့သည့် လကမှ ပေါင်စတာလင် (၄.၂)သန်းဖြင့် အပြီးသတ် ဝယ်ယူပြီး (၂၀၁၉)ထိ စာချုပ်ခဲ့သည်။
ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ဈေးကွက်ထဲတွင် ခြေစွမ်းကောင်းမွန်သည့် တိုက်စစ်အားပြု ညာနောက်ခံလူ တစ်ဦးကို ရှာဖွေနေရာ ဖေဘင်ဟိုကိုလည်း ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ် အားကစား သတင်းစာ L’Equipeက ယူနိုက်တက်သည် ဖေဘင်ဟိုကို ပေါင်စတာလင် (၁၀)သန်းဖြင့် ဝယ်ယူရန် ဆန္ဒရှိနေသော်လည်း မိုနာကိုကမူ လက်ရှိ ကိုပါအမေရိကဖလား ပြိုင်ပွဲဝင် ဘရာဇီးလ် အသင်းမှ ကစားသမားကို ပေါင်စတာလင် သန်း(၂၀)မျှ ဈေးနှုန်း သတ်မှတ်ထားကြောင်း ဖော်ပြခဲ့သည်။
ဗန်ဂါးလ်သည် ညာခြမ်းခံစစ်တွင် ဒဏ်ရာပြဿနာများစွာနှင့် ရင်ဆိုင်ခဲ့ရသည့် ရာဖေးလ် ဒါဆေးလ်ဗား နေရာတွင် အစားထိုးရန်နှင့် အန်တိုနီယို ဗလန်စီယာကို ဖိအားပေး ယှဉ်ပြိုင်ရန် ကစားသမားသစ်တစ်ဦး ရှာဖွေနေပြီး ပစ်မှတ်ကစားသမား အချို့ကို စောင့်ကြည့်နေသည်။ ယူနိုက်တက်သည် PSG အသင်းမှ နယ်သာလန် လက်ရွေးစင် ဂရီဂိုရီ ဗန်ဒါဝီလ်နှင့် ဆောက်သမ်တန်မှ အင်္ဂလန် လက်ရွေးစင် နသန်နီရယ်လ် ကလင်းတို့ကိုလည်း ချိတ်ဆက်လျက်ရှိသည်။
Soccer Myanmar
No comments:
Post a Comment