Pages
▼
Saturday, June 20, 2015
အက်သလက်တီကို တိုက်စစ်မှူး မန်ဇူကစ်ကို ခေါ်ယူနိုင်တော့မည်ဟု ဂျူဗင်းတပ်စ် နည်းပြ အတည်ပြု
အက်သလက်တီကို တိုက်စစ်မှူး မန်ဇူကစ်ကို ခေါ်ယူနိုင်တော့မည်ဟု ဂျူဗင်းတပ်စ် နည်းပြ အတည်ပြု
အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး မာရီယို မန်ဇူကစ်ကို ခေါ်ယူနိုင်တော့မည်ဖြစ်ကြောင်း ဂျူဗင်းတပ်စ် နည်းပြ မက်စီမီလီယာနို အယ်လာဂရီက အတည်ပြု ပြောကြားလိုက်သည်။
ခရိုအေးရှား လက်ရွေးစင် မန်ဇူကစ်သည် ဘိုင်ယန်မြူးနစ်မှ အက်သလက်တီကိုသို့ ပြီးခဲ့သည့် နွေရာသီက ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ဂိုးပေါင်း (၂၀)ထိ သွင်းယူပေးခဲ့သည်။ ယခုအခါတွင်မူ ၎င်းသည် အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်ထံ ပြောင်းရွှေ့တော့မည် ဖြစ်သည်။ တရားဝင် ကြေညာချက် မထုတ်ပြန်သေးသော်လည်း ဂျူဗင်းတပ်စ်နည်းပြ အယ်လာဂရီက မိမိတို့သည် မန်ဇူကစ်ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မန်ဇူကစ်အတွက် ပြောင်းရွှေ့ကြေးသည် ယူရို (၁၈)သန်း ဖြစ်ကြောင်းလည်း သိရသည်။
အသက်(၂၉)နှစ်အရွယ် ကစားသမားနှင့် ပတ်သက်ပြီး အယ်လာဂရီက “မန်ဇူကစ်ဟာ ဘယ်လို လိဂ်ပြိုင်ပွဲမှာမဆို ဂိုးတွေ အရသွင်းယူနိုင်တဲ့ တိုက်စစ်မှူးမျိုးပါ။ ပြီးတော့ နိုင်ငံတကာအဆင့် အတွေ့အကြုံကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ အီတလီမှာ သူအဆင်ပြေမှာပါ။ ကျွန်တော်တို့ သူ့ကို ခေါ်ယူခဲ့တယ် ဆိုတာက သူ့ကို တကယ် လိုအပ်လို့ပါ။ မန်ဇူကစ်ဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး အသင်းကို သူရောက်လာမယ့်အတွက် ပျော်မိပါတယ်”ဟု ပြောကြားခဲ့သည်။ ဂျူဗင်းတပ်စ်သည် ပါလာမို တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာကို ဝယ်ယူထားပြီး ယခုအခါ မန်ဇူကစ်ပါ ရောက်ရှိလာသည့်နောက် အသင်းမှ တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ် အာဂျင်တီးနားသို့ ပြန်သွားမည့် အခြေအနေ လက်တွေ့ဖြစ်မြောက်ရန် ပိုမိုသေချာလာခဲ့သည်။
Soccer Myanmar
No comments:
Post a Comment