Pages

Wednesday, June 24, 2015

ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် အာဒါတူရန် ဆန္ဒရှိနေကြောင်း အေးဂျင့် ဆို



ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် အာဒါတူရန် ဆန္ဒရှိနေကြောင်း အေးဂျင့် ဆို

အာဒါတူရန်သည် အက်သလက်တီကို မက်ဒရစ်မှ ထွက်ခွာပြီး ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း ၎င်း၏ အေးဂျင့်က ပြောကြားလိုက်သည်။

အသက် ၂၈ နှစ်အရွယ် တူရကီ ကြယ်ပွင့် ကစားသမားသည် ၂၀၁၁ ခုနှစ်က ဂါလာတာဆာရေးမှ အက်သလက်တီကိုသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် လာလီဂါ၊ ကိုပါဒယ်ရေးနှင့် ယူရိုပါလိဂ် ဆုဖလားတို့ကို ရရှိခဲ့သည်။ ထို့အပြင် ၂၀၁၄ ခုနှစ်တွင် အက်သလက်တီကိုကို ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်အောင် ကူညီနိုင်ခဲ့သည်။

သို့သော်လည်း အာဒါ၏ အေးဂျင့်ဖြစ်သူ အာမက်ဘူလက်က မိမိ၏ ကစားသမားသည် နွေရာသီတွင် အင်္ဂလန်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်းနှင့် လက်ရှိတွင် တူရန်နှင့် ဆွေးနွေးနေသည့် အသင်း ၃ သင်းရှိကြောင်း ဖွင့်ဟခဲ့သည်။

သို့သော်လည်း တူရန်၏ အသင်းပြောင်းရွှေ့ရန် အခွင့်အရေး အနည်းငယ်သာရှိပြီး ချန်ပီယံလိဂ်တွင် မယှဉ်ပြိုင်ရသည့် အသင်းသို့ ပြောင်းရွှေ့ပါက စာချုပ်ပါ သဘောတူညီချက်အရ ယူရို ၄၁ သန်း ပေးချေရမည်ဟု ဘူလက်က ဆိုခဲ့သည်။

၎င်းက “သူက နွေရာသီမှာ စပိန်ကနေ ထွက်ခွာချင်နေပါတယ်။ ဒီအချိန်မှာ သူက ကစားသမားဘဝကို ပရီးမီးယားလိဂ်မှာ ပြန်စချင်နေပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အက်သလက်တီကိုကနေ ထွက်ဖို့ မလွယ်ပါဘူး။ စာချုပ်ပါ သဘောတူညီချက်က ယူရို ၄၁ သန်းပါ။ လက်ရှိမှာ ဆွေးနွေးနေတဲ့ အသင်း ၃ သင်းရှိပါတယ်။ ဒီအသင်းနာမည်တွေကို မပြောနိုင်ပေမယ့် သူတို့က အင်္ဂလန်နဲ့ ဥရောပ ဘောလုံးလောကမှာ အကောင်းဆုံး အသင်းတွေ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး တူရန်ကို ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေကြောင်း ဘူလက်က အတည်ပြုခဲ့သည်။ သို့သော်လည်း အာဒါက ပရီးမီးယားလိဂ်သို့သာ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး မန်ချက်စတာယူနိုကတက်နှင့် လီဗာပူးလ်တို့က ချိတ်ဆက်နေကြောင်း ဆိုခဲ့သည်။

“မီလန်နဲ့ ပီအက်စ်ဂျီတို့က သူ့ကို စိတ်ဝင်စားနေတဲ့ အသင်း ၆ သင်းထဲက ၂ သင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အီတလီအသင်းတွေကို တူရန်က စိတ်မဝင်စားပါဘူး။ ပီအက်စ်ဂျီကတော့ ဖြစ်နိုင်ပါတယ်။ သူကတော့ အင်္ဂလန်မှာ ကစားဖို့ပဲ စိတ်အားထက်သန်နေပါတယ်” ဟု ဘူလက်က ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment