Pages

Monday, June 22, 2015

ကွန်ဒေါ့ဘီယာကို ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့ကြောင်း အင်တာကြေညာ



ကွန်ဒေါ့ဘီယာကို ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့ကြောင်း အင်တာကြေညာ

အင်တာမီလန် အသင်းသည် မိုနာကို ကွင်းလယ်လူ ယက်ဖရေ ကွန်ဒေါ့ဘီယာကို ခေါ်ယူရန် အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

အသက်(၂၂)နှစ် အရွယ်ရှိ ပြင်သစ် ကွင်းလယ်ခံစစ် ကစားသမားကို အင်တာအပြင် မြို့ခံပြိုင်ဘက် အေစီမီလန်ကလည်း စာချုပ်ကိစ္စ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ကွန်ဒေါ့ဘီယာက အင်တာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အင်တာနည်းပြ ရောဘတ်တို မန်စီနီသည် ကစားသမားနှင့် တိုက်ရိုက် ဖုန်းပြောခဲ့ပြီးနောက် ကွန်ဒေါ့ဘီယာ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ကြောင်း Goal.comက ဖော်ပြခဲ့သည်။ အင်တာသည် ကွန်ဒေါ့ဘီယာကို တနင်္လာနေ့တွင် ဆေးစစ်ပြီး စာချုပ်ခေါ်ယူသွားမည်ဟု ကြေညာခဲ့သည်။

မီလန် ဥက္ကဋ္ဌ အက်ဒရီယာနို ဂယ်လီယာနီသည် မွန်တီကာလိုသို့ သွားရောက်ပြီး ကွန်ဒေါ့ဘီယာ၏ အပြောင်းအရွှေ့အတွက် အလေးအနက် ဆွေးနွေးခဲ့သော်လည်း ကစားသမားကမူ အင်တာနှင့် (၅)နှစ် စာချုပ်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ ဘာစီလိုနာ အသင်းသည် ကွန်ဒေါ့ဘီယာကို စိတ်ဝင်စားခဲ့ဖူးသလို တော့တင်ဟမ် ဟော့စပါးကလည်း အလေးအနက် ချိတ်ဆက် ခဲ့သည့်တိုင် အင်တာကသာ ကစားသမားကို တစ်နှစ်လုပ်ခ ပေါင်စတာလင် (၂.၈)သန်းဖြင့် အပြီးသတ် ခေါ်ယူလိုက်နိုင်ခြင်း ဖြစ်သည်။
ကွန်ဒေါ့ဘီယာသည် ဆီဗီးလားမှ ပြောင်းရွှေ့လာပြီးနောက် မိုနာကိုတွင် (၂)ရာသီ ကစားပြီး ယမန်နှစ်က ပြိုင်ပွဲစုံ (၃၃)ပွဲတွင် (၃)ဂိုး သွင်းယူနိုင်ခဲ့သည်။

Soccer Myanmar

No comments:

Post a Comment