Pages
▼
Friday, July 3, 2015
အင်တာကွင်းလယ်လူ ရှာကီရီကို ခေါ်ယူရန် စတုတ်ခ် သဘောတူညီမှု ရရှိ
အင်တာကွင်းလယ်လူ ရှာကီရီကို ခေါ်ယူရန် စတုတ်ခ် သဘောတူညီမှု ရရှိ
စတုတ်ခ်စီးတီး အသင်းသည် အင်တာမီလန် ကစားသမား ဇန်ဒါ ရှာကီရီကို ပေါင်စတာလင် (၁၂)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
စတုတ်ခ်မန်နေဂျာ မာ့ခ်ဟုဂ်ျသည် ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ်သမားကို ဇန်နဝါရီ ဈေးကွက် ကာလကတည်းက ချိတ်ဆက်ခဲ့သော်လည်း ထိုစဉ်က ရှာကီရီသည် ဘိုင်ယန်မြူးနစ်ကို စွန့်ခွာကာ အင်တာသို့ ပြောင်းရွှေ့သွားခဲ့သည်။ သို့သော်လည်း ရှာကီရီသည် အင်တာတွင် နည်းပြ ရောဘတ်တို မန်စီနီ၏ နည်းစနစ်ပိုင်း၌ အံမဝင်သဖြင့် ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရသည်။ ဆန်စီရိုတွင် အထိုင်မကျ ဖြစ်နေသည့် ရှာကီရီကို ယခုနွေရာသီတွင် စတုတ်ခ်က ထပ်မံကမ်းလှမ်းပြီး သဘောတူညီမှု ရရှိခဲ့ခြင်းဟု ဆိုသည်။
အသက်(၂၃)နှစ်ရှိ ရှာကီရီကို ၎င်းဘေဆယ်လ်တွင် ကစားနေချိန်၌ ဘိုင်ယန်တွင် ရှိနေချိန်များအတွင်း လီဗာပူးလ်ကလည်း စောင့်ကြည့်ခဲ့ဖူးသည်။ ရှာကီရီကို အတည်ပြု ခေါ်ယူခဲ့ပါက စတုတ်ခ်သည် တော့တင်ဟမ် ဟော့စပါးမှ ပီတာခရော့ခ်ျကို ခေါ်ယူစဉ် အသုံးပြုခဲ့သည့် ပေါင်စတာလင် (၁၀)သန်းထက် ပိုမိုကာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲမှု ဖြစ်လာမည်ဟုလည်း သိရှိရသည်။ စတုတ်ခ် ဥက္ကဋ္ဌ ပီတာကိုအာတက်စ်သည် အသင်းကို နှစ်ရာသီဆက်တိုက် အမှတ်ပေးဇယား ထိပ်ဆုံး (၁၀)သင်းတွင် ပါဝင်နိုင်အောင် ဟုဂ်ျက စွမ်းဆောင်ပြခဲ့သည့်နောက် ယခုရာသီတွင် အသင်းအတွက် ငွေကြေးပိုင်း ပိုမိုအားဖြည့် ကူညီရန် အသင့်ရှိနေသည်။
ရှာကီရီကို ခေါ်ယူချိန်တွင် စတုတ်ခ်အနေဖြင့် ၎င်းတို့၏ လုပ်ခလစာ ကန့်သတ်ချက်ကို အတန်ငယ် လျှော့ပေါ့ရမည့် အခြေအနေလည်း ရှိနေကြောင်း သိရှိရသည်။
Soccer Myanmar
No comments:
Post a Comment