Pages
▼
Friday, July 3, 2015
ဒီမာရီယာကို ဘိုင်ယန် ကမ်းလှမ်းဖွယ် ရှိကြောင်း သတင်းများကို ဂွာဒီယိုလာ ငြင်းဆန်
ဒီမာရီယာကို ဘိုင်ယန် ကမ်းလှမ်းဖွယ် ရှိကြောင်း သတင်းများကို ဂွာဒီယိုလာ ငြင်းဆန်
မန်ချက်စတာ ယူနိုက်တက်မှ အိန်ဂျယ်လ် ဒီမာရီယာကို ဘိုင်ယန်မြူးနစ်က ကမ်းလှမ်းခေါ်ယူဖွယ် ရှိနေကြောင်း သတင်းများကို အသင်းနည်းပြ ဂျိုးဆက် ပက်ပ် ဂွာဒီယိုလာက ငြင်းဆန် ပယ်ချသွားခဲ့သည်။
ပြီးခဲ့သည့် ရာသီက ယူနိုက်တက်သို့ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း(၆၀) နီးပါးဖြင့် ရောက်ရှိခဲ့သော်လည်း အာဂျင်တီးနား လက်ရွေးစင် တောင်ပံတိုက်စစ်သမားသည် အိုးလ်ထရက်ဖို့ဒ် ကစားသမားဘဝ ပထမဆုံး ရာသီတွင် အသင်းသစ်နှင့် အထိုင်မကျဘဲ ရုန်းကန်ခဲ့ရသည်။ ထိုသို့သော အခြေအနေများကြောင့် ယူနိုက်တက်မှ ထွက်ခွာရန် ဒီမာရီယာ အနေဖြင့် စဉ်းစားလျက်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
ဂျာမန်ချန်ပီယံ ဘိုင်ယန်သည် ဒီမာရီယာကို ကမ်းလှမ်းရန် စီစဉ်လျက်ရှိကြောင်း ကောလာဟလများ ပျံ့နှံ့လာရာ ယင်းနှင့် ပတ်သက်၍ ဂွာဒီယိုလာက “ကျွန်တော် အာဂျင်တီးနား ပွဲတွေကို စောင့်ကြည့်စရာ မလိုပါဘူး။ ဒီမာရီယာအကြောင်း၊ သူ့ကစားပုံအကြောင်း ကောင်းကောင်း သိပြီးသား မို့လို့ပါ။ ယူနိုက်တက်ဟာ မဖြစ်စလောက် ကစားသမားမျိုးအတွက် ငွေအများကြီး ပေးမှာ မဟုတ်ပါဘူး။ သူဟာ တကယ့်ကို ထူးချွန်တဲ့ ဘောလုံးသမားပါ။ ဘာပဲဖြစ်ဖြစ် ယူနိုက်တက် သူ့အတွက် ပေးခဲ့တဲ့ ဈေးမျိုးကတော့ ရူးလောက်ပါတယ်” ဟု ဆိုသည်။
သတင်းထောက်များက ဘိုင်ယန်အနေဖြင့် ဒီမာရီယာကို စာချုပ်ရန် ဆန္ဒရှိမရှိ ဆက်လက် မေးမြန်းရာတွင်မူ စပိန်သား နည်းပြက “မရှိပါဘူး”ဟု ဖြေကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment