ချယ်လ်ဆီးသည် ကိုလံဘီယာ လက်ရွေးစင် ကစားသမားကို ခေါ်ယူရန် စတင်ချိတ်ဆက် ကမ်းလှမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသည့်တိုင် ဆောင်းရာသီ ဈေးကွက်ကာလတွင် ကွာဒရာဒိုကို လုံးဝ ထွက်ခွာခွင့် ပေးမည်မဟုတ်ဟု မွန်တဲလားက ဆိုသည်။ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အရှိန်တင် ကြိုးပမ်းနေသည့် ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုသည် အသင်း၏ စုဖွဲ့မှုကို ပိုမိုတောင့်တင်းအောင် ကြိုးပမ်းနေရာ ကွာဒရာဒိုကို ခေါ်ယူရန် ပြင်ဆင်နေခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။
အသက်(၂၆)နှစ်ရှိ ကွာဒရာဒိုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အထူးခြေစွမ်းပြခဲ့ပြီးနောက် ဥရောပ ထိပ်တန်း ကလပ်များ၏ စိတ်ဝင်တစား စောင့်ကြည့်မှုကို ခံခဲ့ရသည်။ မွန်တဲလားကမူ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ “ကျွန်တော် ပြောနိုင်တာက ကွာဒရာဒို အနေနဲ့ ဖီအိုရင်တီးနားကို လက်ရှိ အနေအထားအရ စွန့်ခွာသွားဖို့ ဘယ်လိုမှ အခွင့်အရေး မရှိနိုင်ပါဘူး။ သူကိုယ်တိုင်ကလည်း ဒီအခြေအနေကို သဘောပေါက်ထားပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။ သတင်းများအရ မော်ရင်ဟိုသည် မိုဟာမက်ဆာလားနှင့် အန်ဒရီ ရှာရဲလ်တို့ကို ရောင်းထုတ်ပြီး ကွာဒရာဒိုကို အစားထိုး ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
Soccer Myanmar

No comments:
Post a Comment