တစ်ရာသီလုံး တွင်ပေးဂိုး (၁၀)ဂိုးသာ ခွင့်ပြုမည်ဟု ဇော်မင်းထွန်းပြော
PHOTO: YUFC
ရန်ကုန်ယူနိုက်တက် အသင်းနောက်ခံလူ ဇော်မင်းထွန်းသည် ယခုနှစ် ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက် အသင်း အနေဖြင့် ပေးဂိုး(၁၀)ဂိုးသာ ခွင့်ပြုသွားမည်ဟု အသင်းပိုင်ဝက်ဘ်ဆိုက် သို့ပြောကြားခဲ့သည်။
ဇော်မင်းထွန်းက “ကျွန်တော်တို့အသင်းကို အသင်းငယ်တွေနဲ့ တွေ့လို့ ဂိုးမပေးရတာ အသင်းကြီးတွေ နဲ့တွေ့ရင် သေချာပေါက် ဂိုးပေးရမယ်လို့ ပြောနေတဲ့ သူတွေကို ကျွန်တော် ပြောချင်တာက အသင်းကြီးတွေနဲ့ တွေ့တဲ့ အချိန်မှာလည်း ကျွန်တော်တို့ခံစစ် ဘယ်လို ကစားမယ်ဆိုတာကို စောင့်ကြည့် စေချင်ပါတယ်။ တစ်ကယ်တော့ လိဂ်ပြိုင်ပွဲမှာ အသင်းကြီးနဲ့ အသင်းသေးရဲ့ ကွာခြားချက်က အရမ်းကျဉ်းမြောင်း ပါတယ်။ ကျွန်တော်တို့နဲ့ ကစားခဲ့တဲ့ အသင်းတွေကလည်း အသင်းကောင်းတွေ ပါပဲ။ ဒါ့ကြောင့် ဒီနှစ်မှာ ကျွန်တော်တို့အသင်း အနေနဲ့ ပေးဂိုး အများဆုံး (၁၀)ဂိုးပဲ ခွင့်ပြုသွားမှာပါ” ဟု အသင်းပိုင် ၀က်ဘ်ဆိုက်သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက် အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ (၅)ပွဲကစားပြီးချိန်တွင် ပေးဂိုး(၁)ဂိုးသာ ပေးခဲ့ရသော အသင်းဖြစ်သည်။ ထို့အပြင် ဇော်မင်းထွန်းက ၎င်း၏ ကစားဖော်များဖြစ်သော ဂိုးသမားဖာနန်ဒို၊ နောက်ခံလူ ကန်နီကို၊ ဒေးဗစ်ထန်းနှင့် ခင်မောင်လွင်တို့ကိုလည်း ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။
Soccer Myanmar

No comments:
Post a Comment