Tuesday, March 10, 2015
အာဆင်နယ်နှင့် အဆက်အသွယ် မရှိခဲ့ကြောင်း ရှနိုက်ဒါလင် ပြောကြား
အာဆင်နယ်နှင့် အဆက်အသွယ် မရှိခဲ့ကြောင်း ရှနိုက်ဒါလင် ပြောကြား
အာဆင်နယ်နှင့် အဆက်အသွယ် မရှိကြောင်း သို့သော်လည်း မိမိကို အသင်းများက စိတ်ဝင်စားနေကြကြောင်း ဆောက်သမ်တန် ကွင်းလယ် ကစားသမား မော်ဂန်ရှနိုက်ဒါလင်က ပြောကြားလိုက်သည်။
ပြင်သစ် လက်ရွေးစင် ကစားသမားသည် ပြီးခဲ့သည့် နွေရာသီက မော်ရီစီယို ပိုချက်တီနို၏ ပစ်မှတ်ဖြစ်ခဲ့သော်လည်း ဆောက်သမ်တန်က ၎င်းကို ရောင်းချရန် ငြင်းဆိုခဲ့သည်။ ထို့အပြင် ယခုနှစ် ဘောလုံးရာသီတွင် ဆောက်သမ်တန်၏ အဓိက ကစားသမားတစ်ဦးအဖြစ် ကစားလျက်ရှိသည့် အသက် ၂၅ နှစ်အရွယ် ရှနိုက်ဒါလင်ကို အာဆင်နယ်နှင့် မန်ချက်စတာယူနိုက်တက်တို့က ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း မိမိအနေဖြင့် အာစင်ဝင်းဂါးနှင့် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ရှနိုက်ဒါလင်က ဆိုခဲ့သည်။
“ဝင်းဂါးနဲ့ ကျွန်တော် အဆက်အသွယ် မရှိခဲ့ပါဘူး။ ကျွန်တော့်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ အများကြီးရှိပေမယ့် ဘယ်အသင်းနဲ့မှ ကျွန်တော် အဆက်အသွယ်မရှိပါဘူး” ဟု ရှနိုက်ဒါလင်က ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့် ရရန် ရုန်းကန်နေရသည့် ယိုဟန်ကာဘာယီ၏ ဖြစ်ရပ်က မိမိ၏ အသင်းကြီးသို့ ပြောင်းရွှေ့လိုသည့် ဆန္ဒကို တားဆီးနိုင်မည် မဟုတ်ကြောင်း ရှနိုက်ဒါလင်က ဆိုခဲ့သည်။
“ကျွန်တော်က အသင်းကြီးမှာ ကစားချင်တာပါ။ ကာဘာယီက ကစားသမားကောင်း တစ်ယောက်ပါ။ သူက ဆုဖလားတွေ ရယူဖို့အတွက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့လို ကစားသမားတွေက ယှဉ်ပြိုင်ရတာကို နှစ်သက်ပါတယ်။ သူ့အနေနဲ့ သူ့ရဲ့ ရွေးချယ်မှုကြောင့် နောင်တရနေမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ရှနိုက်ဒါလင်က ပြောကြားသွားခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment