Monday, March 9, 2015
အန်းဖီးလ်တွင် သရေကစားခဲ့သည့် ဘလက်ဘန်း၏ အားထုတ်မှုကို မန်နေဂျာ ချီးကျူး
အန်းဖီးလ်တွင် သရေကစားခဲ့သည့် ဘလက်ဘန်း၏ အားထုတ်မှုကို မန်နေဂျာ ချီးကျူး
အန်းဖီးလ်တွင် လီဗာပူးလ်ကို သရေခံကစားသွားနိုင်သည့် မိမိ၏ အသင်းအတွက် ဂုဏ်ယူကျေနပ်ကြောင်း ဘလက်ဘန်းရိုဗာ မန်နေဂျာ ဂယ်ရီဘောင်ယာက ပြောကြားခဲ့သည်။
လီဗာပူးလ်သည် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းကို အိမ်ကွင်း၌ လက်ခံကစားရသည့်တိုင် ဂိုးမသွင်းနိုင်ဘဲ သရေကျသွားခဲ့သည်။ ထို့ကြောင့် လီဗာပူးလ် အနေဖြင့် ဘလက်ဘန်း၏ အီးဝုဒ်ပါ့ခ်တွင် ဒုတိယအကျော့ ပွဲစဉ်ကို ပြန်လည် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဘောင်ယာက မိမိ၏ အသင်းသည် အန်းဖီးလ်တွင် စည်းကမ်းပိုင်း ကောင်းမွန်စွာဖြင့် ကျစ်ကျစ်လစ်လစ် စုစုစည်းစည်း ကစားခဲ့ပြီး ယခုရလဒ်သည် အမှန်တကယ် ထိုက်တန်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ဘလက်ဘန်း ခံစစ်ကစားပုံသည် ယခုပွဲတွင် ကောင်းမွန်ခဲ့ပြီး ဂိုးသမား ဆိုင်မွန်အိစ်ဝုဒ် အနေဖြင့် အလွန်ခြိမ်းခြောက်မှု ကြီးမားသော အခြေအနေမျိုး မကြုံခဲ့ရသလို တိုက်စစ်တွင်လည်း ရူဒီဂက်စ်တီဒီက အိမ်ရှင် နောက်ခံလူများကို အလုပ်များစေခဲ့သည်။ ဘောင်ယာက “လီဗာပူးလ်ရဲ့ အိမ်ကွင်းမှာ လာကစားပြီး Clean Sheet ရအောင်ယူဖို့ ဆိုတာက မလွယ်ပါဘူး။ ဒါဟာ ကျွန်တော့် အသင်းသားတွေရဲ့ အားထုတ်မှုကြောင့် ဖြစ်လာတဲ့ ရလဒ်ပါ။ လီဗာပူးလ်က စကတည်းက တိုက်စစ်ဆင်ဖို့ ပြင်ဆင်လာခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့လည်း ကိုယ်ဖန်တီးနိုင်တဲ့ အခွင့်အလမ်းတွေအပေါ် ယုံကြည်မှု ရှိခဲ့ပါတယ်။ ရှေ့တန်းက လူထွားကြီး ဂက်စ်တီဒီဟာ ကျွန်တော်တို့အတွက် တကယ့်ကို ခြိမ်းခြောက်ပေးနိုင်သူ ဖြစ်ခဲ့ပါတယ်။ သူကစားသွားတာ သိပ်ကောင်းပြီး ဧရိယာထဲ ဝင်လာတဲ့ ဘောလုံးတိုင်းလိုလိုဟာ လီဗာပူးလ် ခံစစ်အတွက် တုန်လှုပ်စရာ ဖြစ်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အခွင့်အရေး တစ်ကြိမ်လောက်ကို ကျွန်တော်တို့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘူး”ဟု ပြောကြားသွားခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment