Pages

Tuesday, March 10, 2015

ရီးယဲမက်ဒရစ်၏ ကစားပုံ ဆိုးရွားနေကြောင်း အန်ဆယ်လော့တီ ဝန်ခံ



ရီးယဲမက်ဒရစ်၏ ကစားပုံ ဆိုးရွားနေကြောင်း အန်ဆယ်လော့တီ ဝန်ခံ

စနေနေ့က အက်သလက်တစ် ဘီလ်ဘာအိုကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မိမိအသင်၏ ခြေစွမ်းသည် ဆိုးရွားလျက်ရှိကြောင်း ရီးယဲမက်ဒရစ် နည်းပြ ကာလိုအန်ဆယ်လော့တီက ဝန်ခံပြောကြားခဲ့သည်။

ရီးယဲမက်ဒရစ်သည် အိမ်ကွင်းတွင် ဗီလာရီးယဲနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ဘီလ်ဘာအိုကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ထိုရလဒ်များကြောင့် နူးကမ့်တွင် ရာယိုဗယ်လီကာနိုကို အနိုင်ရခဲ့သည့် ဘာစီလိုနာအား လွှဲပြောင်းပေးခဲ့ရသည်။ အဆိုပါ ပွဲစဉ်တွင် ဂါရတ်ဘေးလ်၏ ကန်ချက် တိုင်ထိထွက်ခဲ့သည်မှလွဲ၍ မက်ဒရစ်အနေဖြင့် ပြိုင်ဘက်အသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရသည်။
ထို့နောက် ယခုနှစ်ဘောလုံးရာသီတွင် လာလီဂါ၌ ၇၅ ဂိုး သွင်းယူထားသည့် မက်ဒရစ်၏ နောက်ဆုံး နှစ်ပွဲတွင် ၁ မှတ်သာ ရရှိခဲ့သည့် ခြေစွမ်းသည် ထိပ်တန်းအဆင့် မဟုတ်ကြောင်း အန်ဆယ်လော့တီက ဝန်ခံခဲ့သည်။ “ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဖိအားပေးပြီး တိုက်စစ်ဆင်ခဲ့ပါတယ်။ အသင်းရဲ့ ပြဿနာက တိုက်စစ်ဆင်တဲ့အချိန်မှာ ရှင်းလင်းတဲ့ စိတ်ကူးရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဘောလုံးကို အလျင်အမြန် မဖြန့်နိုင်ခဲ့သလို တိုက်စစ်မှူးတွေကလည်း အခွင့်အရေးတွေ မရခဲ့ပါဘူး။ ရီးယဲမက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းမှာ အခက်တွေ့နေသလား ဆိုတာကတော့ ပြောဖို့ ခက်ပါတယ်။ ကျွန်တော်တို့က သွင်းဂိုးတွေ အများကြီး သွင်းယူထားတဲ့ အသင်းပါ။ အသင်းရဲ့ ကစားပုံက ဆိုးရွားနေပါတယ်။ အဲ့ဒီအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် အလျှော့ပေးသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အပြင်းအထန်ကြိုးစားပြီး အမှတ်ပေးဇယားထိပ် ပြန်ရောက်အောင် ကြိုးပမ်းသွားမှာပါ” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

မက်ဒရစ်သည် အင်္ဂါနေ့တွင် ချန်ပီယံလိဂ်၌ ရှော့ကေးနှင့်လည်းကောင်း တနင်္ဂနွေနေ့တွင် လာလီဂါ၌ လီဗန်တေးနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Soccer Myanmar

No comments:

Post a Comment