Tuesday, March 10, 2015
ဘန်လေတိုက်စစ်မှူး အင်းစ်ကို ယူနိုက်တက် ကင်းထောက်စေလွှတ် စောင့်ကြည့်နေ
ဘန်လေတိုက်စစ်မှူး အင်းစ်ကို ယူနိုက်တက် ကင်းထောက်စေလွှတ် စောင့်ကြည့်နေ
မန်ချက်စတာ ယူနိုက်တက်သည် ဘန်လေတိုက်စစ်မှူး ဒန်နီအင်းစ်ကို ကင်းထောက်စေလွှတ် လေ့လာစေခဲ့ကြောင်း သိရှိရသည်။
ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် အသက်(၂၂)နှစ်အရွယ် အင်္ဂလန် ကစားသမားကို လေ့လာရန် အသင်း၏ ကင်းထောက်ချုပ် ဂျင်မ်လော်လိုကို တာဝန်ပေးခဲ့သည်။ အင်းစ်သည် ရာသီကုန်တွင် ဘန်လေနှင့် လမ်းခွဲရန် သေချာသလောက် ရှိနေပြီး လီဗာပူးလ် အသင်းက ၎င်းကို စာချုပ်နိုင်မည်ဟု သတင်းကြီးနေသည်။ စကော့တလန်သား နည်းပြ ဒေးဗစ်မိုယက်စ် ကိုင်တွယ်နေသည့် စပိန်ကလပ် ရီးယဲလ်ဆိုစီဒက်ကလည်း အင်္ဂလန် အသက်(၂၁)နှစ်အောက် လက်ရွေးစင်ဟောင်းကို ချိတ်ဆက်လျက် ရှိသည်။
ဗန်ဂါးလ်သည် ဗုဒ္ဓဟူးနေ့ညက အန်းဖီးလ်တွင် ဘန်လေနှင့် လီဗာပူးလ်တို့ ကစားသော ပွဲစဉ်သို့ လော်လိုကို စေလွှတ်ကာ အင်းစ်၏ အရည်အချင်းကို အကဲဖြတ်စေခဲ့ခြင်း ဖြစ်သည်။ ဘန်လေသည် ဖေဖော်ဝါရီလက အိုးလ်ထရက်ဖို့ဒ်တွင် လာရောက်ကစားခဲ့ရာ အင်းစ်က ယူနိုက်တက်ဘက် ဂိုးသွင်းခဲ့ဖူးသည်။ ဘန်လေအနေဖြင့် အင်းစ်ကို လက်လွှတ်ရသည့်တိုင် စည်းမျဉ်းများအရ အင်္ဂလန် ကလပ်တစ်ခုသို့ ပြောင်းရွှေ့ပါက ပေါင်စတာလင် (၆)သန်း နစ်နာကြေး ရရှိမည် ဖြစ်သည်။ သို့သော်လည်း ပြည်ပကလပ် တစ်ခုခုသို့ အင်းစ်သွားရောက်လျှင်မူ နစ်နာကြေး ပေါင်စတာလင် (၃)သိန်းမျှနှင့် ကျေနပ်ရမည်ဟု ဆိုသည်။
ဗန်ဂါးလ်သည် အငှားခေါ်ယူထားသည့် တိုက်စစ်မှူး ရာဒါမယ် ဖယ်လ်ကာအို ခြေစွမ်းမပြနိုင်မှု၊ ရော်ဘင် ဗန်ပါစီ ခြေစွမ်းကျဆင်းလာမှုများကြောင့် နွေရာသီတွင် တိုက်စစ်ပိုင်းကို ဦးစားပေး ပြင်ဆင်သွားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment