အစ္စလာမ်မစ်
အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကြောင့် ဝါဒါဘရီမင်နှင့် ဝုဖ်ဘတ်ပွဲကို လုံခြုံရေး
တိုးမြှင့်ထားရ
Written
by အောင်ငြိမ်းသွေး
(ဂျာမနီ)။ ။ ယခုတစ်ပတ်တွင် ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲများကို
တိုက်ခိုက်မှု ပြုလုပ်နိုင်သည်ဟု အစ္စလာမ်မစ် အစွန်းရောက်များက ခြိမ်းခြောက်ထားသည့်အတွက်
ဝါဒါဘရီမင်နှင့် ၀ုဖ်ဘတ်တို့၏ ပွဲစဉ်တွင် လုံခြုံရေးများ တိုးမြှင့်ထားရသည်။
ထိုကဲ့သို့
ခြိမ်းခြောက်မှု ရှိနေသည့်အတွက် ဝါဒါဘရီမင်၏ ကွင်း Weserstadion တစ်ဝိုက်တွင် လုံခြုံရေးကို
ယခင်ထက် တိုးမြှင့်ထားပြီး ရဲများက ရှာဖွေရေး ကိရိယာများဖြင့် စစ်ဆေးမှုများပြုလုပ်လျက်
ရှိသည်။
ဝါဒါဘရီမင်အသင်း၏
အထွေထွေမန်နေဂျာ သောမတ်စ်အီချင်က ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ပွဲစဉ်ကို ရွှေ့ဆိုင်းမည်
မဟုတ်ကြောင်း
ပြောသည်။ 'ခြိမ်းခြောက်မှုတွေရှိလို့ ပွဲကို ရွှေ့ဆိုင်းဖို့တော့ မရှိပါဘူး။ ရဲဝန်ထမ်းတွေက
အထူးရှာဖွေရေး ကိရိယာတွေနဲ့
ရှာဖွေစစ်ဆေးနေပါတယ်'
ဟု ပြောသည်။
ဝါဒါဘရီမင်၏
ကွင်း Weserstadion သည် ပရိသတ် ၄၂,၀၀၀ ဝင်ဆံ့သည်။
ရည်ညွှန်း
- မာကာ
Mizzima

No comments:
Post a Comment