Pages
▼
Wednesday, April 15, 2015
ဗန်ဒါဝီလ် ကို ခေါ်ယူရန် ကြိုးစားနေသည့် မန်ယူ
ဗန်ဒါဝီလ် ကို ခေါ်ယူရန် ကြိုးစားနေသည့် မန်ယူ
မန်ချက်စတာယူနိုက်တက် အသင်း သည် ပီအက်စ်ဂျီ အသင်းက ရောင်းချသွားမည့် ကစားသမားစာရင်း ထုတ်ပြန်လိုက်သည့် အထဲ့တွင် ပါဝင်နေသော ဂရီဂိုရီ ဗန်ဒါဝီလ် ကို ခေါ်ယူရန် ဆောင်ရွက်နေကြောင်းသိရပါတယ်။
နယ်သာလန် သား ညာနောက်ခံလူသည် ပီအက်စ်ဂျီ အသင်းတွင် ယခုရာသီ ၃၂ ပွဲ ပါဝင်ကစားထားပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒီညာနောက်ခံလူ ကို ဆုံးရှုံးရဖို့ ရှိတယ်လို့ ဖေါ်ပြခဲ့ပါတယ်။
ပြင်သစ် သတင်းများရဲ့အဆိုအရ လောရင့်ဘလန့်စ် သည် အခြားကစားသမားတစ်ယောက်ရှာဖွေနေပြီး နယ်သာလန် နည်းပြဟောင်း ဗန်ဂါးလ် သည် နောက်ခံလူ ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
ဒီ ၂၇ နှစ်သား ကို ပီအက်စ်ဂျီ အသင်းက ပေါင် ၉ သန်း သတ်မှတ်လိမ့်မည်လို့ ယုံကြည်ရပြီး မန်ယူအသင်းကလည်း ရာဖေး နေရာ အစားထိုးသွားဖို့အတွက် ယင်းငွေပမာဏ ကို အသုံးပြုသွားမယ်လို့သိရပါတယ်။
#KS
Football Cafe

No comments:
Post a Comment