Pages

Friday, April 10, 2015

မက်ဆီလက်သစ် ဆယ်ကျော်သက်လေးကို ခေါ်ယူရန် ညှိနှိုင်းရေး အရာရှိကို အာဂျင်တီးနားသို့ အာဆင်နယ် စေလွှတ်



မက်ဆီလက်သစ် ဆယ်ကျော်သက်လေးကို ခေါ်ယူရန် ညှိနှိုင်းရေး အရာရှိကို အာဂျင်တီးနားသို့ အာဆင်နယ် စေလွှတ်

အာဆင်နယ် အသင်းသည် လီယွန်နယ် မက်ဆီ လက်သစ်အဖြစ် နာမည်ကြီးနေသည့် မက်စီ ရိုမီရိုကို ဝယ်ယူရန်အတွက် ၎င်းတို့၏ ညှိနှိုင်းရေး အရာရှိ ဒစ်ခ်လောကို အာဂျင်တီးနားသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်သည် ဗီးလက်ဇ်ဆားဖီးလ် ကွင်းလယ်တိုက်စစ် ကစားသမားလေးကို ခေါ်ယူရေး ကြိုးပမ်းမှုတွင် ပြိုင်ဘက်များထက် အသာစီး ရလျက်ရှိသည်။ မက်ဆီကဲ့သို့ ဘောလုံးကို နိုင်နင်းကျွမ်းကျင်စွာ ကစားနိုင်သည့် အသက်(၁၆)နှစ်အရွယ် ကစားသမားလေးကို ပေါင်စတာလင် (၄.၅)သန်းဖြင့် ခေါ်ယူရန် အာဆင်နယ်က ချိတ်ဆက်နေသော်လည်း ကစားသမားကို ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အရှုပ်အထွေးအချို့ ရှိနေခြင်းက ၎င်းတို့၏ အားထုတ်မှုကို အကန့်အသတ် ဖြစ်နေစေသည်။
လောသည် တောင်အာဖရိကသို့ လေကြောင်းမှ ထွက်ခွာသွားပြီး ဆယ်ကျော်သက် ပါရမီရှင် ကစားသမားလေး၏ စာချုပ်ကိစ္စကို အပြီးသတ် ကြားဝင်ညှိနှိုင်းရန် ကြိုးစားသွားမည် ဖြစ်သည်။ ရိုမီရို၏ အေးဂျင့်နှင့် ဗီးလက်ဇ် အသင်းတို့သည် ကစားသမား၏ မူပိုင်ခွင့်ကို ခွဲဝေ ပိုင်ဆိုင်ထားရာ ယင်းအခြေအနေက ဝယ်လက်အသင်း အာဆင်နယ်အတွက် အခက်အခဲအချို့ ကြုံလာစေသည်။ အာဆင်နယ် အနေဖြင့် ၎င်းကို ခေါ်ယူနိုင်ခဲ့လျှင်ပင် ရိုမီရိုသည် ဗီးလက်ဇ်တွင် နောက်ထပ် (၂)ရာသီမျှ အငှားဆက်လက် ကစားပြီး အသက်(၁၈)နှစ် ပြည့်မှသာ အင်္ဂလန်သို့ ကူးပြောင်းနိုင်ဖွယ် ရှိနေကြောင်း သိရသည်။

Soccer Myanmar

No comments:

Post a Comment