Pages

Subscribe:

Saturday, April 11, 2015

ကမ္ဘာ့အဆင့်သတ်မှတ်ချက် တွင်ဝေးလ်နှင့်ဘယ်လ်ဂျီယံတို့ သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်များရောက်ရှိ



ကမ္ဘာ့အဆင့်သတ်မှတ်ချက် တွင်ဝေးလ်နှင့်ဘယ်လ်ဂျီယံတို့ သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်များရောက်ရှိ
Written by  အောင်ငြိမ်းသွေး

ဂျနီဗာ၊ ဧပြီ ၁၀။    ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဧပြီလ ၉ ရက်နေ့ကထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များအရဝေးလ်အသင်းနှင့်ဘယ်လ်ဂျီယံ အသင်းတို့သည် ၎င်းတို့၏သမိုင်းတစ်လျှောက် အမြင့်ဆုံး အဆင့်များတွင် ရပ်တည်နိုင်ခဲ့ကြသည်။

ဝေးလ်အသင်းသည်ပြီးခဲ့သည့်လ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှ အဆင့် ၁၅ ဆင့်မြင့်တက်လာခဲ့ပြီး အဆင့် ၂၂ တွင် ရပ်တည်လျက်ရှိသည်။ ထိုအဆင့် ရပ်တည် မှုသည်ဝေးလ်လက်ရွေးစင်ဘောလုံးအသင်း သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံးရပ်တည်မှုဖြစ်သည်။

ဝေးလ်အသင်းသည် ယူရို ၂၀၁၆ ခြေစစ်ပွဲများတွင် တစ်ပွဲမှရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ ဘယ်လ်ဂျီယံအသင်းနှင့်အမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် အုပ်စုတွင်း ဒုတိယနေရာ တွင် ရပ်တည်နေသည်။ဝေးလ်အသင်းမှာ လက်ရှိတွင်ခြေစွမ်းတည်ငြိမ်လျက်ရှိပြီးခြေစစ်ပွဲအောင်မြင်ရန် အလားအလာကောင်းလျက်ရှိသည်။

ဘယ်လ်ဂျီယံအသင်းမှာလည်းပြီးခဲ့သည့်လက အဆင့် ၄ နေရာမှ အဆင့် ၃ နေရာသို့ရောက်ရှိလာခဲ့သည်။ ထိုရပ်တည်မှုမှာ ဘယ်လ်ဂျီယံအသင်း သမိုင်း တစ်လျှောက်တွင် အမြင့်ဆုံးရပ်တည်မှု ဖြစ်သည်။

အဆင့် ၁ မှ ဂျာမနီနှင့် အဆင့် ၂ မှ အာဂျင်တီးနားတို့မှာ အပြောင်းအလဲမရှိထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နေသည်။ ဘရာဇီးအသင်းမှာ အဆင့် ၅ သို့ပြန်လည်ရောက်ရှိလာပြီး စပိန်အသင်းမှာ အဆင့် ၁၀ အတွင်းပြန်ဝင်လာခဲ့သည်။

ပြင်သစ်နှင့် အီတလီအသင်းတို့မှာ အဆင့်သုံးဆင့်စီပြန်ကျသွားပြီး အင်္ဂလန်မှာ အဆင့်သုံးဆင့်ပြန်တက်လာကာ အဆင့် ၁၄ တွင် ရပ်တည်နေသည်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှ ထိပ်ဆုံး ၁၀ သင်း

၁။ ဂျာမနီ
၂။ အာဂျင်တီးနား
၃။ ဘယ်လ်ဂျီယံ
၎။ ကိုလံဘီယာ
၅။ ဘရာဇီး
၆။ နယ်သာလန်
၇။ ပေါ်တူဂီ
၈။ ဥရုဂွေး
၉။ ဆွစ်ဇာလန်
၁၀။ စပိန်

Ref : FIFA

Mizzima

0 comments:

Post a Comment