Pages

Friday, April 10, 2015

မန်စီးတီးနှင့် ပွဲအတွက် ကြံ့ခိုင်မှုအပြည့် ရှိနေပြီဟု ဗန်ပါစီဆို



မန်စီးတီးနှင့် ပွဲအတွက် ကြံ့ခိုင်မှုအပြည့် ရှိနေပြီဟု ဗန်ပါစီဆို

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီက မိမိအနေဖြင့် မန်ချက်စတာ စီးတီးနှင့် ကစားမည့် မန်ချက်စတာ ဒါဘီပွဲစဉ်အတွက် ကြံ့ခိုင်မှုအပြည့် ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။
နယ်သာလန် လက်ရွေးစင် ဗန်ပါစီသည် ဒဏ်ရာကြောင့် ဖေဖော်ဝါရီလ (၂၁)ရက်နေ့နောက်ပိုင်း အသင်းအတွက် လုံးဝ ကစားခွင့် မရခဲ့ချေ။ ဗန်ပါစီက ၎င်းအနေဖြင့် ပွဲကစားရန် အသင့်ရှိနေပြီဟု ပြောဆိုလာသော်လည်း မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ လက်ရှိ အသားကျနေသော ကစားကွက်၌ ပွဲထွက်နေရာ ရရှိလာရန် ဖြစ်နိုင်ခြေ နည်းပါးလျက် ရှိသည်။ တနင်္ဂနွေနေ့တွင် ယူနိုက်တက်သည် အိုးလ်ထရက်ဖို့ဒ်၌ မန်စီးတီးကို ဧည့်ခံမည်ဖြစ်ရာ ခြေကျင်းဝတ်ဒဏ်ရာ သက်သာစ ပြုလာသည့် ဗန်ပါစီက ထိုပွဲတွင် ပါဝင်ခွင့်ရရန် မျှော်လင့်နေခြင်း ဖြစ်သည်။
အသက်(၃၁)နှစ်ရှိ ကစားသမားက “အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။ အားရစရာ လေ့ကျင့်ရေး အစီအစဉ်မျိုးပါပဲ။ ကြံ့ခိုင်မှု အပြည့်နဲ့ ပွဲကစားဖို့ ပြန်အဆင်သင့် ဖြစ်လာတာကို ပျော်မိပါတယ်။ လာမယ့်ပွဲအတွက် ကျွန်တော် မျှော်လင့်ချက်အပြည့် ရှိနေပါတယ်”ဟု Twitterတွင် ရေးသားခဲ့သည်။ ဗန်ပါစီသည် ယခုရာသီ အသင်းအတွက် (၁၀)ဂိုး သွင်းပေးထားသော်လည်း ၎င်းမကစားနိုင်ချိန်တွင် ယူနိုက်တက် လူစာရင်းမှာ အထိုင်ကျ တည်ငြိမ်လာပြီ ဖြစ်ရာ မန်စီးတီးနှင့်ပွဲတွင် တိုက်စစ်အခင်းအကျင်း၌ ဝိန်းရွန်နီ၊ အက်ရှ်လေယန်းနှင့် ဟွမ်မာတာတို့ပင် ပွဲထွက်လာဖွယ် ရှိနေကောင်း သတင်းများက ဖော်ပြသွားသည်။

Soccer Myanmar

No comments:

Post a Comment