Pages

Subscribe:

Tuesday, April 14, 2015

နောက်ထပ် တရာသီ ဆက်ကစားချင်သည့် ဒရော့ဘာ



နောက်ထပ် တရာသီ ဆက်ကစားချင်သည့် ဒရော့ဘာ

၃၇ နှစ်သား သည် ရာသီအကုန်တွင် စာချုပ်သက်တမ်း ပြည့်မည်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဘောကန်ဖိနပ် တွေ ကို အနားပေးလိုသေးချင်းမရှိပဲ နောက်တစ်ရာသီ ချယ်ဆီးမှာ ဆက်ကစားသွားလိုနေပါတယ်။

ဒရော့ဘာသည် ကစားသမားဘဝတွင် တူရကီ နှင့် အင်္ဂလန် တို့တွင် အမှတ်ပေးဖလား များ ချန်ပီယံလိဂ် နှင့် အက်ဖ်အေ ဖလား လေးကြိမ် ရရှိခဲ့ပါတယ်။

အိုင်ဗရီကို့စ် တိုက်စစ်မှူး လူစားဝင် ကစားသမားအနေနဲ့ အဓိက ကစားနေရသော်လည်းပဲ သူ သည် ၂၀၁၄-၁၅ အမှတ်ပေးဖလား ရရှိဖို့နီးစပ်နေပြီး ရရှိခဲ့ပါက ၄ ကြိမ်မြောက်ရရှိမည်ဖြစ်ပါတယ်။

ဒရော့ဘာ သည် ၂၀၁၅-၁၆ ရာသီ အတွက် စာချုပ်သက်တမ်းတိုးပြီး ဆက်လက်ကစားသွားလိုနေပါတယ်။

ဒေးလီးတယ်လီဂရပ် က သူ့ရဲ့အနာဂတ် နဲ့ ပတ်သက်ပြီးမေးသောအခါ """ ကျွန်တော်ဆုံးဖြတ်ချက်ချပြီးပါပြီ၊ ဒါဟာ ကျွန်တော့် ရဲ့ နောက်ဆုံး ရာသီမဟုတ်ပါဘူး""" လို့ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒရော့ဘာသည် ချယ်ဆီး သို့ ပြန်လည်ရောက် ရှိလာသောအချိန်မှာ ၂၃ ပွဲ ပါဝင်ကစားပေးထားပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၄ ပွဲ စတင်ပွဲထွက် ကစားခွင့် ရခဲ့ပါတယ်။

"""ကျွန်တော် ဒီအသင်း ကို ချစ်ပါတယ်၊ ကျွန်တော်ဟာ အနာဂတ်မှာ ကလပ် ရဲ့ အစိတ် အပိုင်း အဖြစ် ပါဝင်လိုပြီး ကစားသမားသစ်တွေ နဲ့ အတူ ကစားသွားလိုပါတယ်""" လို့ ဒရော့ဘာ က ပြောကြားခဲ့ပါတယ်။

#KS
Football cafe

0 comments:

Post a Comment