Pages

Tuesday, April 14, 2015

ဂွန်ဇာလို ဟီဂူအင် ကို ပေါင် ၂၈.၉ သန်းဖြင့်ခေါ်ယူရန် ပြောဆိုဆွေးနွေးသွားမည်



ဂွန်ဇာလို ဟီဂူအင် ကို ပေါင် ၂၈.၉ သန်းဖြင့်ခေါ်ယူရန် ပြောဆိုဆွေးနွေးသွားမည်

အာဆင်နယ် အသင်းသည် တိုက်စစ်မှူး ဟီဂူအင် ကို ခေါ်ယူရန် နာပိုလီ အသင်းနှင့် ပြောဆိုဆွေးနွေးသွားမယ်လို့သိရပါတယ်။

အာဂျင်တိုင်း တိုက်စစ်မှူးသည် ၂၀၁၃ ခုနှစ်ကလည်း အာဆင်နယ်သို့ ရောက်ရှိရန် နီးစပ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဟီဂူအင် သည် ရာသီအကုန်တွင် နာပိုလီ အသင်း က နေ ထွက်ခွာဖို့ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

အာဆင်နယ် အသင်းက ဟီဂူအင် ကို ခေါ်ယူဖို့ ချိတ်ဆက် ခဲ့ပြီးပြီ ဖြစ်ပြီး အာဆင်ဝင်းဂါး ကလည်း အပြောင်း အရွှေ့ အတွက် စတင် ဆွေးနွေးရန် ခွင့်ပြုလိုက်ပြီး ဖြစ်ပါတယ်။

အာဆင်ဝင်းဂါး သည် ဟီဂူအင် ကို အာဆင်နယ် အသင်းသို့ ခေါ်ယူဖို့ ပျော်ရွှင်နေပြီး ဟီဂူအင် ကို ခေါ်ယူဖို့ အတွက် ပေါင် ၂၈.၉ သန်း အထိ အသုံးပြုသွားမှာဖြစ်ပါတယ်။

#KS
Football cafe

No comments:

Post a Comment