Pages

Subscribe:

Sunday, April 12, 2015

ဘိုင်ယန်မြူးနစ် အသင်းက အိုင်ဗန်နိုဗစ် ကို လိုက်နေ



ဘိုင်ယန်မြူးနစ် အသင်းက အိုင်ဗန်နိုဗစ် ကို လိုက်နေ

ဘိုင်ယန်မြူးနစ် အသင်း သည် ဆာဗီးယားသား အိုင်ဗန်နိုဗစ် ကို လာမည့် နွေရာသီ တွင် ချယ်ဆီးအသင်း ထံမှ ခေါ်ယူရန် လိုက်နေကြောင်းသိရပါတယ်။

ဒီ ၃၁ နှစ်သားသည် ချယ်ဆီး အသင်း နှင့် လက်ရှိစာချုပ် သက်တမ်း မှာ တစ်နှစ်သာ ကျန်ရှိနေတော့ကြောင်း သိရပြီး ချယ်ဆီးအသင်း က ကစားသမား ကို တစ်နှစ် သက်တမ်းတိုး ရန် စီစဉ်နေပါတယ်။

ဒါပေမဲ့ စာချုပ်သစ် အတွက် သဘောတူညီ မှုမရရှိသေးသဖြင့် ဂျာမန် ကလပ် အသင်း ကို အချက်ပေးခဲ့သလို ဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်း က လိုအပ်တဲ့ စုံစမ်းမှုတွေ ပြုလုပ်ပြီးနေပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်း ကလည်း ချယ်ဆီး အသင်း နဲ့ ကစားသမား ရဲ့ အခြေ အနေ ကို စောင့် ကြည့်နေပြီး လက်ဦး မှု ရရှိစေရန် ချယ်ဆီး အသင်းထံ ကမ်းလှမ်းသွားမယ် လို့ သိရပါတယ်။

အိုင်ဗန်နိုဗစ် က ချယ်ဆီး အသင်း နှင့် တစ်နှစ် ထက် ပိုတဲ့ စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဆားဗီးယား သားဟာ စတန်းဖို့ဘရစ်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနေပြီး အပြာရောင် အသင်းရဲ့ ပရီးမီးယားလိဂ် ဖလားတိုက်ပွဲအတွက် မော်ရင်ညို က နောက်တန်း မှာ သူ့ကို ပုံမှန် အသုံးပြုနေပါတယ်။

အိုင်ဗန်နိုဗစ် သည် ချယ်ဆီး အသင်း ကို ၂၀၀၈ ခုနှစ် က ရောက်ရှိလာခဲ့ပြီး စတန်းဖို့ဒ်ဘရစ်မှာ ၇ နှစ် အတွင်း ဆုဖလားမျိုးစုံ ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က ရရှိခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ်ဖလား လည်း အပါအဝင်ဖြစ်ပါတယ်။

#KS
Football cafe

0 comments:

Post a Comment