Monday, April 13, 2015
အပြောင်းအရွှေ့ သတင်းတိုများ
အပြောင်းအရွှေ့ သတင်းတိုများ
ချယ်ဆီး အသင်း သည် အက်သလက်တီကို မက်ဒရစ် နောက်ခံလူ မီရန်ဒါ ကို နွေရာသီတွင် ခေါ်ယူသွားရန်စောင့်ကြည့်နေပါတယ်။ ဘရာဇီး သား သည် တီကို အသင်းနှင့် စာချုပ် တစ်နှစ်သာ ကျန်ရှိပါတော့တယ်။
နယူးကက်စတယ်လ် အသင်း ပိုင်ရှင် မိုက်အက်ရှလေ သည် နွေရာသီ တွင် ကျူပီအာ တိုက်စစ်မှူး ချာလီအော့စတင်း ကို ခေါ်ယူရန် ပေါင် ၁၀ သန်း ထုတ်ပေးဖို့ သဘောတူထားတယ်လို့ သိရပါတယ်။
မန်ချက်စတာစီးတီး အသင်း သည် ကျန်ရှိနေသေးသော ရာသီ အတွက် နည်းပြ ပယ်လ်လီဂရီနီ ကို ထုတ်ပယ်ပြီး ကစားသမားဟောင်း ပက်ထရစ် ဗီယာရာ ကို ခန့်အပ်ရန် စီစဉ်နေပါတယ်။
ဝက်စ်ဟမ်း အသင်းသည် အာဆင်နယ် အသင်း မှ အငှားလာရောက် ကစားနေသော ကားလ်ဂျန်ကင်ဆန် ကို ပေါင် ၁၀ သန်းဖြင့် အပြီးခေါ်ယူနိုင်လိမ့်မယ်လို့မျှော်လင့် နေပြီး လီဗာပူး အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်တွင် အငှားလာရောက် ကစားနေပြီး အောင်မြင်မှု မရရှိခဲ့သည့် မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအို ကို လီဗာပူး နှင့် ဂျူဗင်တပ်စ် အသင်းတို့က ခေါ်ယူရန် အလိုရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းပေးချေရဖွယ်ရှိတယ်လို့သိရပါတယ်။
မန်ချက်စတာ စီးတီး နည်းပြဟောင်း မန်စီနီ သည် နာဆရီ၊ ယာယာ တိုရေး နှင့် ဂျိမ်းမီနာ တို့ ကို အင်တာမီလန် သို့ ခေါ်ဆောင်သွားပြီး ပြန်လည် ပူးပေါင်း လိုနေတယ်လို့သိရပါတယ်။
လီဗာပူးလ် အသင်း သည် ဆွမ်ဆီး နောက်ခံလူ အက်ရှလေဝီလျှံ ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
မန်ချက်စတာ ယူ နိုက်တက် အသင်း သည် အာဂျန်ရော်ဘင် လက်သစ် လို့ ခေါ်တဲ့ တွမ်တီး အသင်းရဲ့ နယ်သာလန် တောင်ပံကစားသမား ဘီလ်လယ်အိုလ်ချစ်ခ် ကို ခေါ်ယူရန် နီးစပ်နေပြီလို့သိရပြီး ထို ကစားသမား ကို အေစီ နှင့် ဖီအိုရင်တီးနား အသင်းတို့ကလည်း ခေါ်ယူရန် စောင့်ကြည့်နေပါတယ်။
#KS
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment