Pages
▼
Saturday, April 11, 2015
ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားဆုကို ဆန့်ကျင်သည့် အာစင်ဝင်းဂါး ကိုမော်ရင်ဟိုထောက်ခံ
ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားဆုကို ဆန့်ကျင်သည့် အာစင်ဝင်းဂါး ကိုမော်ရင်ဟိုထောက်ခံ
Written by အောင်ငြိမ်းသွေး
လက်ရှိဘောလုံးလောကတွင် အသင်းလိုက် စုဖွဲ့ကစားမှုထက် တစ်ဦးချင်းကျွမ်းကျင်မှုကို ပိုမိုဦးစားပေးကစား လာခြင်းကို ဝေဖန်ခဲ့သည့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၏ ပြောဆိုမှုကို ပြိုင်ဘက် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ထောက်ခံလိုက်သည်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုနှင့် တစ်ဦးချင်းတစ်ကိုယ်ကောင်းကစားမှုများ သည်ဘောလုံးလောကအတွက် အနုတ်လက္ခဏာဖြစ်ကြောင်းပြော ခဲ့သည့် အာစင်ဝင်းဂါး၏ အမြင်မှန်ကန်ကြောင်းမော်ရင်ဟို ကဆိုသည်။
“အာစင်ဝင်းဂါးက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ဆန့်ကျင်ပါတယ်။ သူမှန်တယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ လက်ရှိဘောလုံးလောကမှာ အသင်းလိုက်စုစည်းကစားမှုအပေး အာရုံလျော့နည်းလာပြီး တစ်ဦးချင်းဘက်ကို ပိုပြီး အာရုံစိုက်လာကြပါတယ်။
ကျွန်တော့်ရဲ့ အမြင်ကတော့ ဘောလုံးကစားတယ်ဆိုတာ အသင်းလိုက် စုဖွဲ့ ကစားရတာပါ။ တစ်ဦးချင်းထူးချွန်မှုနဲ့ အသင်းအတွက် ပိုကောင်းအောင် ကစားမယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ အဲ့ဒီကစားသမားက အသင်းအတွက် အလုပ်လုပ်ပေးရတာမျိုးသာ ဖြစ်ရပါလိမ့်မယ်။ အသင်းက သူ့အတွက် အလုပ်လုပ်ပေးနေရတာမျိုး မဖြစ်သင့်ပါဘူး” ဟု မော်ရင်ဟိုက ပြောသည်။
မော်ရင်ဟိုသည် မတူညီသည့် အမှတ်ပေးပြိုင်ပွဲလေးခုတွင် ချန်ပီယံဆု ၇ ကြိမ်ရခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်ရခဲ့သည်။ ထိုကဲ့သို့ရရှိခဲ့ခြင်းမှာ အသင်းလိုက်စုဖွဲ့မှုကြောင့်သာ ရရှိခဲ့ခြင်း ဖြစ်ပြီး တစ်ဦးချင်း ထူးချွန်မှုကြောင့် ရရှိခဲ့ခြင်း မဟုတ်ကြောင်း မော်ရင်ဟိုက ပြောသည်။
Ref : BBC
Mizzima

No comments:
Post a Comment