Pages

Subscribe:

Wednesday, April 15, 2015

စတာလင်ဟာ စာချုပ် ကိစ္စဆွေးနွေး မှု ရပ်နားထားပေမဲ့ လီဗာပူးလ် မှာ ဆက်နေမယ်လို့ မျှော်လင့်ပါတယ် (အီရန်အေးရီး)



စတာလင်ဟာ စာချုပ် ကိစ္စဆွေးနွေး မှု ရပ်နားထားပေမဲ့ လီဗာပူးလ် မှာ ဆက်နေမယ်လို့ မျှော်လင့်ပါတယ် (အီရန်အေးရီး)

လီဗာပူးလ် အသင်း အမှုဆောင်ချုပ် အီရန်အေးရီး က ၂၀ နှစ်သား စတာလင် သည် စာချုပ်သစ် ကိစ္စအတွက် ပြောဆိုဆွေးနွေးမှုများ ရပ်ဆိုင်းထားသော်လည်း တောင်ပံကစားသမားသည် လီဗာပူးလ် အသင်းမှာ ဆက်နေသွားမယ်လို့ယုံကြည်ကြောင်း နှင့် နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားလိမ့်မည် မဟုတ်ဘူး လို့ ယုံကြည်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

အေးရီး က စာချုပ်သစ် ကိစ္စ နှောင့်နှေး နေပေမဲ့ ကလပ်အသင်း ညှိနိုင်း လို့ အဆင်ပြေမယ်လို့ ယုံကြည်နေပြီး နွေရာသီ မှာ ထွက်ခွာသွားလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူးလို့ ပြောကြားခဲ့ပါတယ်။

"""ရာဟင်း ရဲ့အေးဂျင့် က စာချုပ်သစ်ကိစ္စ ဆွေးနွေးမှု များကို နွေရာသီအထိ ရပ်နားထားမယ်လို့ပြောပါတယ်၊ အဲဒါကို ကျွန်တော်တို့ အလေးထာပါတယ်""" လို့ အေးရီး က စကိုင်းစပေါ့သို့ ပြောကြားခဲ့ပါတယ်။

"""ရာဟင်း က လီဗာပူးလ်ကစားသမား တစ်ယောက်ပါ။ သူ့စာချုပ်က ၂ နှစ် ကျန်ပါသေးတယ်။ ရာဟင်းစတာလင် ဒီမှာ အကြာကြီး နေသွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်""" လို့ အေးရီး ကပြောကြားခဲ့ပါတယ်။

ယခုရာသီမှာ စတာလင် သည် လီဗာပူးလ် အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းသူ တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲအားလုံးတွင် ၁၃ ဂိုး သွင်းယူ ပေးထားနိုင်ပါတယ်။

‪#‎KS‬
Football Cafe

0 comments:

Post a Comment