Pages
▼
Wednesday, April 15, 2015
မန်ယူ ရဲ့ တွမ်ကလီဗာလေ ကို ခေါ်ယူရန် အာဆင်နယ် နှင့် စပါး အသင်းတို့ ထိပ်တိုက်တွေ့နေ
မန်ယူ ရဲ့ တွမ်ကလီဗာလေ ကို ခေါ်ယူရန် အာဆင်နယ် နှင့် စပါး အသင်းတို့ ထိပ်တိုက်တွေ့နေ
အာဆင်နယ် အသင်း နှင့် စပါးအသင်း တို့ သည် မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ တွမ်ကလီဗာလေ ကို ခေါ်ယူရန် အပြိုင်ကြိုးစားနေကြောင်းသိရပါတယ်။
မြောက်ပိုင်းလန်ဒန် အသင်းသည် ၂၅ နှစ်သားကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ စကိုင်းစပေါ့ ရဲ့ အဆိုအရ သိရပါတယ်။ ယခုအချန်မှာ ကလီဗာလေ သည် အက်စတွန်ဗီလာ အသင်းတွင် အငှားသွားရောက် ကစားနေပြီး အနောက်ပိုင်း မစ်ဒ်လန်းစ် အသင်းကလည်း အမြဲတမ်း စာချုပ်ဖြင့်ခေါ်ယူသွားလိုနေတယ်လို့သိရပါတယ်။
ကလီဗာလေ သည် အိုးထရက်ဒ်ဖို့ဒ် မှာ လူးဝစ်ဗန်ဂါးလ် ရဲ့ အစီအစဉ် များ ရဲ့ အစိတ်အပိုင်း မဟုတ် ပါဘူး။ဒါကြောင့် တခြား ကလပ်အသင်းများကလည်း ဒီကွင်းလယ်လူ ကို ခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။ ခေါ်ယူလိုသည့် အသင်းများတွင် အဲဗာတန် နှင့် ဝက်စ်ဟမ်း အသင်းများလည်းပါဝင်ပါတယ်။
ဒီ ၂၅ နှစ်သားကို အီတလီ နှင့် စပိန် ကလပ် အသင်းများကလည်း စိတ်ဝင်စားနေပြီး ဂျာမန် ကလပ် အသင်း ရှော်ကေး အသင်းက ယူနိုက်တက် အသင်းထံ ကမ်းလှမ်း သွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ စကိုင်း စပေါ့ ကဖေါ်ပြထားပါတယ်။
#KS
Football Cafe
No comments:
Post a Comment