Pages
▼
Thursday, April 16, 2015
မန်ချက်စတာယူနိုက်တက် အသင်း ကလိုင်း ကိုခေါ်ယူ မှုပြီးမြောက်ခဲ့
မန်ချက်စတာယူနိုက်တက် အသင်း ကလိုင်း ကိုခေါ်ယူ မှုပြီးမြောက်ခဲ့
မန်ချက်စတာယူနိုက်တက်အသင်းသည် ဆောက်သမ်ပတန် ညာနောက်ခံကစားသမား ကလိုင်း ကို ခေါ်ယူ စာချုပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်းသိရပါတယ်။
ယူနိုက်တက်အသင်း သည် ကလိုင်း ကို နွေရာသီတွင်ခေါ်ယူရန် အစွမ်းကုန် ကြိုးစားချိတ်ဆက်ခဲ့တာဖြစ်ပြီး ကလိုင်း ကလည်း ချန်ပီလိဂ် ပွဲများကစားလိုတယ်လို့ဝန်ခံခဲ့ပြီးဖြစ်ပါတယ်။
ဆွေးနွေးမှုများက တိုးတက်မှုရှိနေပြီး အပြောင်းအရွှေ့ အတွက် သဘောတူညီမှုရရှိခဲ့ပြီးပြီလို့ Daily Mirror သတင်းထောက် မက်ဒေါ်နယ်လ် က မန်ယူတီဗီ သို့ပြောကြားခဲ့ပါတယ်။
ကလိုင်း အိုးထရက်ဖို့ဒ် မှာ ကစားဖို့ အရာအားလုံး ပြီးမြောက်ခဲ့ပါပြီ၊ ကလိုင်းဟာ ယူနိုက်တက်ရဲ့ကစားသမားဖြစ်လာတော့မှာပါ၊ သေချာသလောက် ဖြစ်နေပါပြီ လို့ မန်ယူတီဗီ သို့ မက်ဒေါ်နယ်လ် က ပြောကြားခဲ့ပါတယ်။
#KS
Football Cafe
No comments:
Post a Comment