Pages
▼
Sunday, April 12, 2015
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အီးပီအယ်လ် ဇယားထိပ်တွင် ရက်ပေါင်းများစွာ ရပ်တည်ခဲ့သော စံချိန်ကို ချိုးတော့မည့် ချယ်ဆီး
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အီးပီအယ်လ် ဇယားထိပ်တွင် ရက်ပေါင်းများစွာ ရပ်တည်ခဲ့သော စံချိန်ကို ချိုးတော့မည့် ချယ်ဆီး
ချယ်ဆီး အသင်း သည် အမှတ်ပေးဖလားရရှိခဲ့ပါက မန်ချက်စတာ ယူနိုက်တက် အသင်းတင်ခဲ့သော အမှတ်ပေးဇယားထိပ်တွင် ရက်ပေါင်း များစွာ ရပ်တည်နိုင်ခဲ့သည့် စံချိန်ကို ကျော်ဖြတ်တော့မည်ဖြစ်ပါတယ်။
တယ်လီဂရပ် သတင်းရဲ့အဆိုအရ မော်ရင်ညို ရဲ့ အသင်း သည် အမှတ်ပေးဇယားထိပ် ကို သြဂုတ် ၃၀ ရက်နေ့ကတည်း က တရားဝင် ရပ်တည်နိုင်ခဲ့ပြီး ရာသီ အကုန် အထိ ဆက်လက် ရပ်တည်နိုင်ပါက ၂၇၄ ရက် ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရက်အများ ဆုံး ရပ်တည်နိုင်သောအသင်း အဖြစ် စံချိန်သစ်တင်တော့မှာ ဖြစ်ပါတယ်။
ယခု လက်ရှိ အချိန်မှာတော့ အမှတ်ပေးဇယားထိပ်မှာ ရက်အများ ဆုံး ရပ်တည်နိုင်ခဲ့သော အသင်း အဖြစ် မန်ချက်စတာယူနိုက်တက် အသင်း က ၁၉၉၃-၉၄ ရာသီက ၂၆၂ ရက်ဖြင့် စံချိန်တင် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ညို ရဲ့ အသင်း ဟာ ၂၀၀၆ ခုနှစ် က ပရီးမီးယားလိဂ် ဖလားရရှိခဲ့စဉ်က ရက်အများဆုံး စံချိန်ကို မှီရန် ၅ ရက်သာလိုအပ်ခဲ့တာပါ။ ဒါပေမဲ့ ပေါ်တူဂီသားရဲ့ အသင်းဟာ ဒီနှစ်မှာတော့ ၂၀၀၄ ခုနှစ် က အာဆင်နယ် ရဲ့ ရက်ပေါင်းစံချိန် ကိုတော့ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။
ယခုအချိန်မှာ ချယ်ဆီး အသင်း သည် ဒုတိယနေရာမှ အာဆင်နယ်အသင်း ကို ၇ မှတ်ဖြတ်ထားနိုင်ပြီး အမှတ် ကွာဟချက် ပိုမိုကြီးမားဖွယ်ရှိနေပြီး ရာသီ အကုန် အထိ ဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ပါက မေ ၁၃ မှာ မန်ယူရဲ့ စံချိန် ကို ကျော်ဖြတ်သွားမည်ဖြစ်ပါတယ်။
***ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်တွင် ရက်အများဆုံး ရပ်တည်နိုင်ခဲ့သော အသင်းများကို ပုံတွင်ကြည့်ရှု နိုင်ပါတယ်***
#KS
Football cafe
No comments:
Post a Comment