Pages

Saturday, February 7, 2015

ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့ခြင်းအတွက် တစ်သက်လုံး နောင်တရနေမည် ဖြစ်ကြောင်း မက်ဆီ ပြောကြား



ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့ခြင်းအတွက် တစ်သက်လုံး နောင်တရနေမည် ဖြစ်ကြောင်း မက်ဆီ ပြောကြား

ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ဘဲ ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအတွက် မိမိနှင့် အာဂျင်တီးနား အသင်းဖော်များက တစ်သက်လုံး နောင်တရနေမည် ဖြစ်ကြောင်း လီယွန်နယ် မက်ဆီက ပြောကြားလိုက်သည်။


အာဂျင်တီးနားသည် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် နယ်သာလန်ကို ပင်နယ်တီ အဆုံးအဖြတ် ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ သို့သော်လည်း ဗိုလ်လုပွဲတွင် ဂျိုအာချင်လို၏ ဂျာမနီအသင်းကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။ ထို့နောက် ဖီဖာနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် မက်ဆီက ဗိုလ်လုပွဲတွင် ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်မည့် အခွင့်အရေးများ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သည့်အတွက် နောင်တရမိကြောင်း မက်ဆီက ဝန်ခံပြောကြားခဲ့သည်။


“ဗိုလ်လုပွဲမှာ ဂျာမနီကို အနိုင်ရနိုင်မယ့် အကောင်းဆုံး အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲ့ဒီ အခွင့်အရေးတွေကနေ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့ တစ်သက်လုံး နောင်တရနေမှာပါ” ဟု မက်ဆီက ဆိုခဲ့သည်။
မက်ဆီသည် ကမ္ဘာ့ဖလား အစောပိုင်း ပွဲစဉ်များတွင် ၎င်း၏ခြေစွမ်းအပေါ် ချီးကျူးခံခဲ့ရသော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းမပြ သနိုင်ခဲ့သောကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ၎င်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား ဆု ဖြစ်သည့် ရွှေဘောလုံးဆုကို ရရှိခဲ့သည့်တိုင် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။


ဘာစီလိုနာကြယ်ပွင့် ကစားသမားသည် ကမ္ဘာ့ဖလားတွင် ၄ ဂိုး သွင်းယူခဲ့ပြီး ရွှေဖိနပ်ဆု ရရှိခဲ့သည့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့် ၂ ဂိုး ကွာခြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment