Pages
▼
Saturday, February 7, 2015
ဒဏ်ရာကြောင့် ဆာဂျီယိုရာမို့စ် ငါးပတ်ခန့် အနားယူရမည်
ဒဏ်ရာကြောင့် ဆာဂျီယိုရာမို့စ် ငါးပတ်ခန့် အနားယူရမည်
ဆာဂျီယိုရာမို့စ်သည် တံကောက်ကြော ဒဏ်ရာကြောင့် ငါးပတ်ခန့် အနားယူရမည် ဖြစ်သောကြောင့် ရီးယဲမက်ဒရစ်၏ အရေးပါသည့် ပွဲများကို လွဲချော်ရတော့မည် ဖြစ်သည်။
စပိန်လက်ရွေးစင် ကစားသမားသည် ဆန်တီယေဂို ဘာနေဗျူးတွင် ဆီဗီလာနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်၌ ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၉ မိနစ်တွင်ပင် လူစားလဲခဲ့ရသည်။ထို့နောက် ရာမို့စ်၏ ဒဏ်ရာကို စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ဗဟိုနောက်ခံကစားသမားအနေဖြင့် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရီးယဲမက်ဒရစ်မှ အတည်ပြုခဲ့သည်။
“ဆာဂျီယိုရာမို့စ်ကို ဆန်နီတက်စ်လာမိုရာလီယာ ဆေးရုံမှာရှိတဲ့ ရီးယဲမက်ဒရစ် ဆေးကုဌာနမှာ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကစားသမားက သူ့ရဲ့ ဘယ်ဘက်ခြေထောက် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာပါ။ သူ့ရဲ့ အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်” ဟု အသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အသက် ၂၈ နှစ်အရွယ် ကစားသမားသည် တံကောက်ကြော ဒဏ်ရာကြောင့် အက်သလက်တီကို မက်ဒရစ်နှင့် ယှဉ်ပြိုင်ရမည့် ဒါဘီပွဲအပြင် ရှော့ကေးနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲတို့ကို လွဲချော်ရမည် ဖြစ်သည်။ ၎င်း၏နေရာတွင် ရာဖေးလ်ဗာရိန်းနှင့် နာချို ဖာနန်ဒက်စ်တို့ကို ထည့်သွင်းကစားရန် ကာလိုအန်ဆယ်လော့တီက စီစဉ်ထားသည်။
“ရာမို့စ်ရဲ့ ဒဏ်ရာက ပြင်းထန်ပါတယ်။ သူက နောက်ငါးပတ်အထိ ပွဲကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နာချိုနဲ့ ဗာရိန်းက သူ့အစား ဝင်ကစားနိုင်ပါလိမ့်မယ်” ဟု မက်ဒရစ် နည်းပြက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရာမို့စ်သည် ယခုနှစ် ဘောလုံးရာသီတွင် မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်၌ ၂၉ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူထားသည်။
Soccer Myanmar
No comments:
Post a Comment