ဖီဂျီယူ-၂၀နှင့် ခြေစမ်းပွဲများ အားလုံးကို မြန်မာ့အသံမှ တိုက်ရိုက် ထုတ်လွှင့်မည်
မြန်မာ ယူ-၂၀ အသင်း၊ ယူ-၂၂ အသင်းတို့နှင့် ဖီဂျီ ယူ-၂၀ အသင်းတို့ ခြေစမ်းမည့် ပွဲစဉ်(၃)ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)မှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် မူလက မန္တလေးမြို့တွင် (၃)နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် ရည်ရွယ်ခဲ့သော် လည်း ဥဇဘက်ကစ္စတန် အသင်းမလာ ရောက်နိုင်သည့်အတွက် ဖီဂျီအသင်းနှင့်သာ ခြေစမ်းပွဲ (၂)ပွဲကစားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဖီဂျီအသင်းအနေဖြင့် ခြေစမ်းပွဲ(၃)ပွဲကစားလိုကြောင်း တောင်းဆိုလာသည့် အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အာရှယူ-၂၃ ပြိုင်ပွဲ ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသော မြန်မာယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲ ကစားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာယူ-၂၀ အသင်းနှင့် ဖီဂျီယူ-၂၀ အသင်းတို့၏ ပထမ ခြေစမ်းပွဲကို မန္တလေးမြို့ မန္တလာသီရိ ကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ (၁၇)ရက် ညနေလေးနာရီတွင် စတင် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ပြီး၊ မြန်မာယူ-၂၂ အသင်းနှင့် ဖီဂျီယူ-၂၀ အသင်းတို့၏ ပွဲစဉ်ကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ (၁၉)ရက် ညနေ(၅)နာရီတွင် ကျင်းပသွားမည် ဖြစ်သည်။ မြန်မာယူ-၂၀ အသင်းနှင့် ဖီဂျီ ယူ-၂၀ အသင်းတို့၏ ဒုတိယ ပွဲစဉ်ကိုမူ သုဝဏ္ဏကွင်းတွင်ပင် ကျင်းပသွားမည် ဖြစ်ပြီး ယင်းပွဲစဉ်ကို ညနေခြောက်နာရီမှ တွင် စတင်မည် ဖြစ်ပြီး ပွဲစဉ်များအားလုံးကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)မှ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်သည်။
Soccer Myanmar
No comments:
Post a Comment