လက်ရှိခြေစွမ်း ကိုဆက်ထိန်းနိုင် ပါကရာသီ အကုန်တွင်အ ဆင့်(၅)အတွင်း ၀င်နိုင်မည်ဟု ချင်းယူနိုက်တက် နည်းပြပြောကြား
ချင်းယူနိုက်တက် အသင်းနည်းပြ ဦးဌေးမြင့်သည် ရတနာပုံအသင်းနှင့် ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းနိုင်ပါက ရာသီအကုန် တွင်အဆင့်(၅) နေရာာတွင် ရပ်တည်နိုင်မည် ဟုပြောကြားခဲ့သည်။
ချင်းယူနိုက်တက် အသင်းသည် ရတနာပုံကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိ ခဲ့သောပွဲစဉ် တွင်ကစားသ များအနေဖြင့် နည်းပြအဖွဲ့ ၏ညွှန်ကြားမှု များအတိုင်းလိုက် လုပ်နိုင်ခဲ့ကြောင်း ဦးဌေးမြင့်က သုံးသပ်ခဲ့သည်။ ၎င်းက “ရတနာပုံက အသင်းကောင်းတစ် သင်းပါ။ ဒါပေမယ့်သူ တို့ပွဲအစပိုင်း မှာအငိုက်မိ သွားခဲ့တယ်။ ရတနာပုံနဲ့ ပွဲမတိုင်ခင် မှာသူတို့က စားထားတဲ့ပွဲ တွေကိုပြန်ကြည့် ပြီးဘယ်လိုပုံ စံနဲ့ကစားမယ် ဆိုတာကိုဆုံး ဖြတ်နိုင်ခဲ့တယ်။ ကစားသမား တွေကလည်းကျွန် တော်တို့နည်းပြ အဖွဲ့ကမှာ တဲ့အတိုင်းက စားနိုင်ခဲ့တယ်။ နောက်ပွဲတွေမှာလည်း ဒီလိုခြေစွမ်းမျိုး ဆက်ထိန်းနိုင်ခဲ့ ရင်ရာသီအ ကုန်မှာ အဆင့်(၅)အတွင်း ၀င်ရောက်နိုင်မယ် လို့ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။
ချင်းယူနိုက်တက် အသင်းပိုင်ရှင် အနေဖြင့် ယခုနှစ်ရာ သီတွင်သူ၏ အသင်းကို အဆင့်(၅)အတွင်း ၀င်ရောက် နိုင်ရန်မျှော် လင့်နေခြင်းဖြစ်ပြီး ချင်းယူနိုက်တက် အသင်းအနေဖြင့် လက်ရှိအချိန်တွင် အမှတ်ပေးဇယား ၏အဆင့်(၆)နေရာတွင် ရပ်တည်နေသော အသင်းဖြစ်သည်။
Soccer Myanmar
No comments:
Post a Comment