Pages

Wednesday, February 11, 2015

ရာသီကုန်တွင် အမှတ်ပေးဇယား တတိယနေရာ၌ လီဗာပူးလ် ရပ်တည်နိုင်ရန် လယ်လာနာ မျှော်မှန်းထား



ရာသီကုန်တွင် အမှတ်ပေးဇယား တတိယနေရာ၌ လီဗာပူးလ် ရပ်တည်နိုင်ရန် လယ်လာနာ မျှော်မှန်းထား

အင်္ဂါနေ့က တော့တင်ဟမ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အသင်းအနေဖြင့် အကောင်းဆုံး ခြေစွမ်းကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါက တတိယနေရာ၌ ရပ်တည်နိုင်လိမ့်မည် ဖြစ်ကြောင်း လီဗာပူးလ် ကွင်းလယ် ကစားသမား အဒမ်လယ်လာနာက ပြောကြားလိုက်သည်။


အဆိုပါ ပွဲစဉ်တွင် လီဗာပူးလ်သည် လူစားဝင် ကစားသမား လယ်လာနာ၏ ဖန်တီးပေးမှုမှတစ်ဆင့် မာရီယို ဘာလော့တယ်လီ၏ ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုးဖြင့် တော့တင်ဟမ်ကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းနိုင်ပွဲကြောင့် လီဗာပူးလ်သည် အဆင့် ၆ မှ တော့တင်ဟမ်နှင့် ၁ မှတ်သာ ကွာဟမှုရှိလာခဲ့သည်။


ထို့နောက် အသက် ၂၆ နှစ်အရွယ် လယ်လာနာက အသင်းတိုက်စစ်မှူး ဒန်နီရယ် စတားရစ်ခ်ျ ပြန်လည် ကစားနိုင်ခြင်းနှင့် နွေရာသီ က ခေါ်ယူခဲ့သည့် ကစားသမားများ၏ ခြေစွမ်း တိုးတက်လာခြင်းကြောင့် ပရီးမီးယားလိဂ်တွင် ၉ ပွဲဆက် ရှုံးပွဲမရှိသည့် လီဗာပူးလ် အနေဖြင့် တတိယနေရာ၌ ရပ်တည်ရန် ရည်မှန်းထားသင့်ကြောင်း ဆိုခဲ့သည်။


“ဒါဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အနိုင်သုံးမှတ်ပါ။ အခုဆိုရင် ကျွန်တော်တို့က တော့တင်ဟမ်နဲ့ တစ်မှတ်အကွာကို ရောက်လာခဲ့ပါပြီ။ ဒီပွဲအနိုင်ရရှိဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အခုဆိုရင် အသင်းမှာ ဒန်နီရယ် စတားရစ်ခ်ျလည်း ပြန်ကစားနိုင်ပါပြီ။ ဒီပွဲမှာ သူ မိနစ် ၇၀ လောက် ပါဝင်ကစားခဲ့ပါတယ်။ ဒီပွဲက တကယ့်ကို ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်ပါတယ်။ ကျွန်တော် အရမ်းကိုလေးစားရတဲ့ မန်နေဂျာဟောင်း မော်ရီစီယို ပိုချက်တီနိုနဲ့ ပြန်ရင်ဆိုင်ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ဂိုး သွင်းယူခဲ့တဲ့ မာရီယိုအတွက် ကျွန်တော် ကျေနပ်မိပါတယ်။ သူ့အနေနဲ့ အပြင်းအထန် ဆက်ကြိုးစားမယ်ဆိုရင် ဂိုးအများကြီး ဆက်သွင်းနိုင်ပါလိမ့်မယ်” ဟု လယ်လာနက ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment