Pages

Wednesday, February 11, 2015

ရီးယဲမက်ဒရစ်မှ နာဗက်စ် ထွက်ခွာမည် မဟုတ်ကြောင်း ၎င်း၏ဖခင် ပြောကြား



ရီးယဲမက်ဒရစ်မှ နာဗက်စ် ထွက်ခွာမည် မဟုတ်ကြောင်း ၎င်း၏ဖခင် ပြောကြား

ကော်စတာရီကာ လက်ရွေးစင် ဂိုးသမား ကီလာနာဗက်စ် အနေဖြင့် ရီးယဲမက်ဒရစ်မှ ထွက်ခွာရန် တွေးတောနေခြင်း မရှိကြောင်းနှင့် အသင်းတွင် ပွဲထွက်ဂိုးသမားအဖြစ် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားကြောင်း ၎င်း၏ဖခင်က ပြောကြားလိုက်သည်။

အသက် ၂၈ နှစ်အရွယ် နာဗက်စ်သည် ၂၀၁၃-၁၄ ဘောလုံးရာသီနှင့် ကမ္ဘာ့ဖလားတွင် လက်စွမ်းပြခဲ့ပြီးနောက် လီဗန်တေးမှ မက်ဒရစ်သို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ သို့သော်လည်း ၎င်းသည် အိုင်ကာ ကားဆီးလက်စ်ထံမှ နံပါတ် ၁ ဂျာစီကို မရယူနိုင်သေးပေ။ ထိုကဲ့သို့ ဆန်တီယေဂို ဘာနေဗျူးတွင် ပွဲကစားခွင့် မရရှိသေးသော်လည်း နာဗက်စ်အနေဖြင့် အသင်းမှ ထွက်ခွာရန် ဆန္ဒမရှိကြောင်းနှင့် နည်းပြ ကာလိုအန်ဆယ်လော့တီ လက်အောက်တွင် ပွဲထွက်ခွင့်ရရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း နာဗက်စ်၏ ဖခင်ဖြစ်သူ ဖရက်ဒီ နာဗက်စ်က ဆိုခဲ့သည်။

“ရီးယဲမက်ဒရစ်ကနေ မထွက်ဘူးလို့ ကီလာက ကျွန်တော့်ကို ပြောပါတယ်။ သူ မက်ဒရစ်မှ အရမ်းကို ပျော်နေပါတယ်။ သူက အသင်းနဲ့အတူ တိုက်ပွဲဝင်ပြီး အောင်မြင်မှုတွေ ရယူချင်သူပါ။ သူ့အနေနဲ့ ပွဲထွက်ခွင့်ရဖို့အတွက် တိုက်ပွဲဝင်ရမယ်ဆိုတာကို သိထားပါတယ်။ လူတွေက သူ့ရဲ့ အရည်အချင်းကို မယုံကြည်ကြပေမယ့် သူက တကယ့်ကို ကြံ့ခိုင်တဲ့သူပါ” ဟု ဖရက်ဒီ နာဗက်စ်က ပြောကြားခဲ့သည်။


နာဗက်စ်သည် ပြိုင်ပွဲအရပ်ရပ်၌ မက်ဒရစ်နှင့် ၇ ပွဲ ပါဝင်ကစားထားပြီး ၂ ပွဲ ဂိုးမပေးသည့်စံချိန် ရရှိခဲ့သည်။

Soccer Myanmar

No comments:

Post a Comment