Pages
▼
Sunday, February 1, 2015
အမျိုးသမီး အသင်း ခြေစမ်းပွဲများများ ကစားရန်လိုအပ်ဟု ဦးအေးမောင်ကြီး သုံးသပ်
PHOTO: YE HEIN
မြန်မာအမျိုးသမီး အသင်းမန်နေဂျာ ဦးအေးမောင်ကြီးသည် အိုလံပစ် ခြေစစ်ပွဲအတွက် ပြိုင်ဘက်ကောင်းများ နှင့်ခြေစမ်းပွဲယှဉ်ပြိုင် ကစားနိုင်ရန် လိုအပ်ကြောင်း ဖွင့်ဟခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည် လာမည့် မတ်လအတွင်း ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ အတွက် ခြေစစ်ပွဲ ပထမအဆင့်ကို အန္ဒိယနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ဗီယက်နမ် ကလပ်ဟာနန် အသင်းနှင့်သာ ခြေစမ်းခဲ့ရသည်။ ဦးအေးမောင်ကြီးက “ကျွန်တော်တို့အတွက် ခြေစမ်းပွဲတွေ များများကစားဖို့ လိုအပ်နေပါတယ်။ ဒါမှာလည်း ကိုယ့်အသင်းရဲ့ အနည်းချက်၊ အားသာချက်တွေကို သိရမှာပါ။ ခြေစမ်းပွဲမကစားရင် တော့အသင်းရဲ့ အခြေအနေကို သိရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ခြေစမ်းပွဲတွေ ကစားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ထိုင်းတို့ ဗီယက်နမ်တို့ကို ဖိတ်ခေါ်ခဲ့ပေမယ့် သူတို့ဆီမှာ ဖွဲ့စည်းပြီးသား အသင်းက အဆင်သင့်ရှိမနေလို့ မလာနိုင် ပါဘူး။ အခုဆိုရင် ကျွန်တော်တို့ အားကာသိပ္ပံကယူ-၁၄ အသင်း၊ မြ၀တီ အမျိုးသမီး အသင်းတွေနဲ့ပဲ ခြေစမ်းနေရပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာအမျိုးသမီး အသင်းသည် ယခင်က ဂျပန်နိုင်ငံသို့ ခြေစမ်းပွဲ သွားကစားရန် စီစဉ်ခဲ့သော်လည်း ယင်းခရီးစဉ်မှာ ပျက်ပြယ်ခဲ့ရသည်။
Soccer Myanmar
No comments:
Post a Comment