Pages
▼
Sunday, February 1, 2015
မနောမြေကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ရတနာပုံ
၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲပွဲစဉ်(၄)ရဲ့ ပထမဆုံး ပွဲစဉ်အဖြစ် မနောမြေ အသင်းနဲ့ ရတနာပုံအသင်း တို့ဟာ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲစဉ်မှာ မနောမြေ အသင်းဟာ ရမှတ်တစ်မှတ်သာ ရရှိထားပြီး ရတနာပုံအသင်းက ရမှတ်(၇)မှတ် ရရှိထားပေမယ့် ထိပ်ဆုံးက အသင်းတွေနဲ့ ရမှတ်(၂)မှတ် ပြတ်နေတာကြောင့် နှစ်သင်းလုံး ရမှတ်တွေ လိုအပ်နေခဲ့ပါတယ်။
ရတနာပုံအသင်းဟာ ပွဲစတာနဲ့ အသင်းကြီးပီပီ မနောမြေ အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး တောင်ပံက ဖြတ်တင်ဘောတွေနဲ့ ချိန်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၈)မိနစ်မှာ ရတနာပုံ အသင်းရရှိတဲ့ ထောင့်ကန်ဘောက နေ ရှိုင်းသူရ ကန်သွင်းခဲ့တာကို မနောမြေ ဂိုးသမားကာကွယ်နိုင် ခဲ့သလို ပွဲချိန်(၉)မိနစ်မှာလည်း နန္ဒလင်းကျော်ချစ် အပိုင် အခွင့်အရေး ရရှိခဲ့ပေမယ့် မနောမြေ ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၂၉)မိနစ်မှာ တော့တောက် လျှောက် ဖိအားပေး ကစားနေတဲ့ ရတနာပုံ အသင်း အဖွင့်ဂိုး ရရှိခဲ့ပြီး ကွင်းလယ်ကစားသမား မက်ဆီမန်က ကန်သွင်း ယူခဲ့တာပါ။ ပွဲချိန်(၃၉)မိနစ်မှာတော့ မနောမြေ အသင်းပြစ်ဒဏ်ဘော ကန်ချက် ကောင်မွန်းခဲ့ပေမယ့် ရတနာပုံ ဂိုးသမား သီဟစည်သူ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၄၁) မိနစ်မှာတော့ မနောမြေ အသင်းချေပဂိုး ရရှိသွား ခဲ့ပြီး ကမ်ဘူးရဲ့ ပြစ်ဒဏ်ဘောကန်တေင်ပေးမှုကို အီဗရာဟင်က အဆုံးသတ်ခဲ့တာပါ။ မနောမြေ အသင်းအနေနဲ့ ပထမပိုင်း ပြီးခါနီးမှာ အခွင့်အရေး တစ်ကြိမ်ထပ်ရခဲ့ပေမယ့် အသုံးမချနိုင် ခဲ့တာကြောင့် ပထမပိုင်းဟာ တစ်ဂိုးစီ
သရေနဲ့ ပဲပြီးဆုံးခဲ့ပါတယ်။
ပွဲချိန်(၅၁) မိနစ်မှာတော့ ရတနာပုံ အသင်းရဲ့ လူစားဝင် ကစားသမား ဇင်မင်းထွန်း ဧရိယာထဲမှာ အပိုင်အခွင့်အရေး ရရှိခဲ့ပေမယ့် ကန်ချက်က ဘားတန်းပေါ် ကျော်သွားခဲ့လို့ ရတနာပုံတို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန်(၇၄)မိနစ်မှာတော့ ရတနာပုံအသင်း ဒုတိယဂိုး ထပ်မံ ရရှိခဲ့ပြီး ဒီဂိုးကို ဒွေးကိုကိုချစ်က လူကျွံ့ထောင်ချောက်ကို ဖြတ်ကျော်ပြီး သွင်းယူခဲ့တာပါ။ နောက်ပိုင်း ပွဲချိန်တွေမှာတော့ တစ်ဘက်နဲ့ တစ်ဘက် ဂိုးမသွင်းနိုင်ကြတော့ပဲ ပွဲပြီးဆုံးချိန် တွင် ရတနာပုံအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရရှိ ခဲ့ပါတယ်။
Soccer Myanmar
No comments:
Post a Comment