Pages
▼
Monday, February 2, 2015
ဆောင်းရာသီ ဈေးကွက်မပိတ်မီ ပစ်မှတ်ကစားသမားများအတွက် အရှိန်မြှင့် လှုပ်ရှားနေသည့် ဆောက်သမ်တန်
ဆောက်သမ်တန် အသင်းသည် ဆောင်းရာသီ ဈေးကွက်မပိတ်မီ ဖိုင်ယန်နော့ဒ် ကွင်းလယ်လူ တွန်နီ ဗီလ်ဟီနာကို ခေါ်ယူရန် အလေးအနက် ချိတ်ဆက်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Sky Sportsက ဆောက်သမ်တန်သည် ကွင်းလယ်နှင့် တိုက်စစ်ကို အင်အားဖြည့်တင်းရန် ကြိုးပမ်းနေရာ ဘင်ဖီကာ တောင်ပံတိုက်စစ်သမား ဖိလစ် ဂျူရီဆစ်ကိုလည်း ခေါ်ယူနိုင်ရန် ပြင်ဆင်နေကြောင်း ဆိုသည်။ ဆောက်သမ်တန် ကွင်းလယ်လူ ဂျက်ကော့သည် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဆွမ်ဆီး စီးတီးသို့ အပြီးပြောင်းရွှေ့သွားသည့်နောက် မန်နေဂျာ ရော်နယ်လ်ကိုးမန်းက ကွင်းလယ်လူသစ် တစ်ဦးကို ရှာဖွေနေခြင်း ဖြစ်သည်။ ၎င်းကိုယ်တိုင်က ဗီလ်ဟီနာကို စိတ်ဝင်စားကြောင်းလည်း ဝန်ခံထားသည်။
ကိုးလ်မန်းက “ကျွန်တော်တို့ ဗီလ်ဟီနာကို စိတ်ဝင်စားပါတယ်။ သူကလည်း ဖိုင်ယန်နော့ဒ်မှာ မပျော်မရွှင် ဖြစ်နေတယ်။ အဲဒီမှာ သူ့အနေနဲ့က ကစားခွင့် မရဘူး။ ကျွန်တော်ကတော့ ကစားသမားကို ယုံတယ်။ သူ့အရည်အသွေးတွေကို ယုံတယ်။ သူက ငယ်ရွယ်သေးတဲ့ ကစားသမားလေး တစ်ယောက်ပါ။ သူလို လူငယ်တစ်ယောက် တိုးတက်လာအောင် ကျွန်တော် ကူညီနိုင်ပါတယ်”ဟု ဆိုသည်။ အသက်(၂၀) အရွယ်ရှိ ဗီလ်ဟီနာသည် ဖိုင်ယန်နော့ဒ်ကို ကိုးလ်မန်း ကိုင်တွယ်နေစဉ်က နေရာပေး ခံရသူ တစ်ဦးလည်း ဖြစ်သည်။
အသက်(၂၃)နှစ် အရွယ်ရှိ ဆာဘီးယား တောင်ပံလူ ဂျူရီဆစ်နှင့် ပတ်သက်ပြီးမူ ကိုးမန်းက “ကျွန်တော် အဲဒီ ကစားသမားကို စိတ်ဝင်စားပါတယ်။ သူက ငယ်ရွယ်ပြီး ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ပြီးတော့ နေရာစုံ ကစားနိုင်တယ်။ တကယ်လို့ ဆောင်းရာသီ ဈေးကွက်ထဲမှာ သူတို့နှစ်ယောက်စလုံးဖြစ်ဖြစ်၊ တစ်ယောက်လောက်ဖြစ်ဖြစ် အသင်းကို ရောက်လာရင်တော့ တော်တော်လေး အဆင်ပြေပါလိမ့်မယ်”ဟု မှတ်ချက်ပြုထားသည်။
Soccer Myanmar
No comments:
Post a Comment