Pages
▼
Monday, February 2, 2015
ချယ်လ်ဆီး တောင်ပံလူ ရှာရဲလ်ကို ခေါ်ယူရန် သဘောတူညီမှု မရသေးဟု ဝုလ်ဖ်ဘာ့ဂ် အားကစား ဒါရိုက်တာ ဝန်ခံ
ချယ်လ်ဆီး တောင်ပံတိုက်စစ်သမား အန်ဒရီရှာရဲလ်ကို ခေါ်ယူရန် သဘောတူညီမှု မရရှိသေးဟု ဝုလ်ဖ်ဘာ့ဂ်အသင်း အားကစား ဒါရိုက်တာ ကလော့စ် အေလော့ဖ်က ဝန်ခံ ပြောကြားခဲ့သည်။
ဘွန်ဒစ်လီဂါ အမှတ်ပေးဇယား အဆင့်(၂)တွင် ရပ်တည်နေသည့် အသင်းသည် လတ်တလောတွင် ဂျာမနီ လက်ရွေးစင် ရှာရဲလ်ကို ခေါ်ယူရန် အလားအလာ အလွန်ကောင်းနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်တိုင် ညှိနှိုင်းဆဲ အဆင့်တွင်သာ ရှိသေးကြောင်း အေလော့ဖ်က ဖြေရှင်းခဲ့သည်။ ဝုလ်ဖ်ဘာ့ဂ် အနေဖြင့် ဇန်နဝါရီ ဈေးကွက် မပိတ်မီ ရှာရဲလ်ကို ဝယ်ယူရန် အလေးအနက် ကြိုးစားနေသော်လည်း အပြောင်းအရွှေ့ ကိစ္စသည် အချိန်မရွေး ပျက်ပြယ်သွားနိုင်ကြောင်း ၎င်းက ဖွင့်ဟခဲ့သည်။
ချယ်လ်ဆီးသည် ရှာရဲလ်ကို ရောင်းထုတ်ပြီး ၎င်းနေရာတွင် ဖီအိုရင်တီးနားမှ ဟွမ်ကွာဒရာဒိုကို အစားထိုးရန် ကြိုတင် ညှိနှိုင်း သဘောတူညီထားပြီး ဖြစ်သည်။ သို့သော်လည်း ရှာရဲလ် အပြောင်းအရွှေ့မှာ မရေမရာ ဖြစ်လာကြောင်း အေလော့ဖ်က ယခုလို ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။ “အခုလောလောဆယ် ဘာသဘောတူညီမှုမှ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။ “အချိန်တွေက တဖြည်းဖြည်း ကုန်နေပြီ။ ကျွန်တော်တို့ အောင်မြင်နိုင်ခြေက စက္ကန့်နဲ့အမျှ လျော့နည်းလာတယ်။ ဒီကိစ္စက ငွေကြေးအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ကတော့ ရှာရဲလ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေဆဲပါ”ဟု အေလော့ဖ်က ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment