Pages

Thursday, February 5, 2015

သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် အဖြစ်အော့စ်ဘတ်အသင်း ကိုဒေါ့တ်မွန် အသင်း ရှုံးနိမ့်



သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် အဖြစ်အော့စ်ဘတ်အသင်း ကိုဒေါ့တ်မွန် အသင်း ရှုံးနိမ့်
Written by  အောင်ငြိမ်းသွေး
စိတ်ဆိုးနေသည့် ပရိသတ်များကို ဟမ်မဲလ်နှင့် ၀ိုင်ဒန်ဖယ်လာ တို့ဖျောင်းဖျ
ဒေါ့တ်မွန်၊ ဖေဖော်ဝါရီ ၅။      ။ ဘွန်ဒက်စ် လီဂါ ပွဲစဉ်  ၁၉  အဖြစ် ပြီးခဲ့သည့်  ကြာသပတေးနေ့  နံနက်  ကယှဉ်ပြိုင်  ခဲ့သောပွဲစဉ်  တွင်ဒေါ့တ်မွန်  အသင်း သည်အော့စ်ဘတ် အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ရှုံးနိမ့် ခဲ့ရသည်။
၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များက ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဆုကို ရရှိခဲ့ပြီး ပြီးခဲ့သော ရာသီက ဒုတိယနေရာတွင်  ရပ်တည်နိုင်ခဲ့  သည့်ဒေါ့တ်မွန်  အသင်းသည် အိမ်ကွင်းပရိသတ် ၈၀,၀၀၀ရှေ့တွင် ကစားခဲ့ ရခြင်းဖြစ်ပြီး ကစားသမား တစ်ယောက် အသာဖြင့် ကစားခဲ့ ရခြင်းဖြစ်သော်လည်း ၀-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ ရခြင်းဖြစ် သည်။
ဒေါ့တ်မွန်အသင်း ၏သမိုင်း တွင်အော့စ်ဘတ် အသင်းကို ပထမဆုံး အကြိမ် ရှုံးနိမ့် ရခြင်းဖြစ်သည်။ ထိုပွဲတွင် ပွဲချိန် မိနစ် ၅၀ ၌ ဘိုဘာဒီလာ ကအော့စ်ဘတ် အတွက် အနိုင်ဂိုးသွင်း ယူခဲ့ပြီး ၆၄ မိနစ် တွင်အော့စ်ဘတ်နောက်ခံ လူဂျန်ကာမှာ  အနီကတ်ဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ ပွဲချိန် နာရီဝက်နီးပါး လူတစ်ယောက် အသာဖြင့် ကစားခဲ့ ရသော် လည်းဒေါ့တ်မွန် အသင်း မှာချေပဂိုး ပင်ပြန်လည် သွင်းယူနိုင်ခြင်း မရှိခဲ့ပေ။
ထိုပွဲတွင် ရှုံးနိမ့်ခဲ့ ရသောကြောင့်ဒေါ့တ်မွန် အသင်းသည် ၁၉ ပွဲတွင် ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၁  ပွဲရှုံး၊ ရမှတ် ၁၆ မှတ်ဖြင့် အမှတ်ပေး  ဇယားအောက် ဆုံးနေရာ သို့ရောက် ရှိသွားခဲ့ သည်။အော့စ်ဘတ် အသင်းမှာမူ လိဂ်ပွဲ သုံးပွဲဆက် အနိုင်ဖြင့် ရမှတ် ၃၃ မှတ်အထိ ရရှိကာ အဆင့် ၄ နေရာ သို့ရောက်ရှိ သွားခဲ့သည်။
ထိုပွဲရလဒ်ကြောင့်ဒေါ့တ်မွန် ပရိသတ်များမှာ စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီးအသင်းကို အော်ဟစ်ရှုံချခဲ့ကြ သည်။ဒေါ့တ်မွန် ဂိုးသမား ၀ိုင်ဒန်ဖယ်လာ မှာတားဆီး ထားသည့် သံဇကာများအပေါ်အထိတက်ကာ စိတ်ဆိုးနေသည့် ပရိသတ်များ ကိုဖျောင်းဖျ ခဲ့သလို အသင်းခေါင်းဆောင် ဟမ်မဲလ် ကလည်း ပရိသတ် များထံ စကားသွားရောက်ပြော ဆိုကာဖျောင်း ဖျခဲ့ရသည်။
Ref: Daily Mail

Mizzima

No comments:

Post a Comment