ပရိသတ် ၄၈၀၀၀
ဆံ့ ကွင်းသစ် စီမံကိန်း ကိုအေစီမီလန် အသင်း ထုတ်ဖော်ပြသ
Written
by အောင်ငြိမ်းသွေး
မီလန်၊ ဖေဖော်ဝါရီ
၅။ ။ အေစီမီလန် အသင်းသည် လက်ရှိ အသုံးပြုနေသော
ဆန်စီရိုကွင်းကို စွန့်ခွာ၍ ပရိသတ် ၄၈၀၀၀ ဆံ့ကွင်း သစ်ကြီး တည်ဆောက် မည့်စီမံကိန်းကို
ထုတ်ဖော်ပြ သလိုက်ပြီဖြစ်သည်။
အေစီမီလန်အသင်းသည်
မီလန်မြို့၏ ခရိုင်တစ်ခုဖြစ်သောပေါ် တယ်လိုတွင် ကွင်းသစ်ကြီး ကိုတည်ဆောက် မည်ဖြစ်ပြီး
၂၀၁၈-၁၉ ရာသီတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။
ပေါ်တယ်လိုဒေသ
ကိုပိုမိုဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်သွား မည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် ဟိုတယ်များ၊
အားကစား တက္ကသိုလ်များ၊ စားသောက် ဆိုင်နှင့်ဈေး ဆိုင်များပါဝင် မည်ဖြစ် ကာပေါင်သန်း
၂၄၀ ခန့်ကုန်ကျ မည်ဟု ခန့်မှန်း ထားသည်။
ဘိုင်ယန်မြူးနစ်
အသင်း၏ အလိုင်းယန့်အရီနာ ကွင်းနှင့်ပေကျင်းရှိ ငှက်သိုက်အားကစားကွင်းတို့ကို ဒီဇိုင်းရေး
ဆွဲပေးခဲ့သည့်Arup Group Limited ကပင်အေ စီမီလန် ကွင်းသစ်ကြီး ၏ဒီဇိုင်း ကိုရေးဆွဲပေး
ထားခြင်းဖြစ်သည်။ ထိုကွင်း သစ်ကြီးသည် ဆန်စီရို ကွင်း၏ နှစ်မိုင်ခွဲ အကွာအဝေးတွင် တည်ဆောက်
မည်ဖြစ် သည်။
ကမ္ဘာပေါ်ရှိ
အားကစား ကွင်းပေါင်း ၇၀ ကျော်ကိုလေ့ လာမှုပြု လုပ်ပြီး ဒီဇိုင်းရေး ဆွဲထားခြင်းဖြစ်
ကာလျှောက်လမ်းနှင့် လုံခြုံရေး အစီအစဉ် များကို အင်္ဂလိပ် ဟန်အတိုင်းပြုလုပ်မည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန် စီစဉ်ထားသလို အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေး
လုပ်ငန်း များဖြင့်ကွင်း သို့လာရောက်နိုင် ရန်နှင့် ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်စေ ရန်လည်း
စီစဉ် ထားသည်။
ကွင်း၏အမြင့်မှာလည်း
မီတာ ၃၀ ထက်ပိုမိုမြင့်မားမည်မဟုတ်ဘဲ အင်္ဂလန်ရှိကွင်းများကဲ့သို့ ကွင်းမျက်နှာပြင်မှ
စတင်တည်ဆောက် မည်ဖြစ်သည်။ အသံစနစ် မှာလည်း ကွင်းအတွင်း၌ အကျယ်လောင် ဆုံးပရိသတ် အားပေးမှု
အသံကို ရရှိမည်ဖြစ်ပြီး ကွင်းပြင်ပသို့ အနည်း ငယ်သာ ပျံနှံ မည်ဖြစ်သည်
အေစီမီလန်
အသင်းသည် ၁၉၄၀ ခုနှစ် ကတည်းက မြို့ခံပြိုင်ဘက် အင်တာမီလန် အသင်းနှင့်အတူ ဆန်စီရိုကွင်းကို
ပူးတွဲအသုံးပြု ခဲ့ခြင်းဖြစ်သည်။
Ref:
Daily Mail
Mizzima
No comments:
Post a Comment