Pages

Tuesday, February 3, 2015

ဝါရီယာကို တိုင်းပြည်နှင့် ပရိသတ်အတွက် အနိုင်ကစားမည်ဟု ရတနာပုံ နည်းပြပြော



ဝါရီယာကို တိုင်းပြည်နှင့် ပရိသတ်အတွက် အနိုင်ကစားမည်ဟု ရတနာပုံ နည်းပြပြော

ရတနာပုံအသင်းနည်းပြ ဦးကြည်နိုင်သည် ၀ါရီယာအသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ် ပထမအဆင့် ခြေစစ်ပွဲကို တိုင်းပြည်နှင့် ရတနာပုံ ပရိသတ်များ အတွက် အနိုင်ရရှိအောင် ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရတနာပုံအသင်းသည် စင်ကာပူချန်ပီယံ ၀ါရီယာအသင်းနှင့် ဖေဖော်ဝါရီလ(၄) ရက်တွင် မန္တလေးမြို့တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ဦးကြည်နိုင်က “ကျွန်တော်တို့ ၀ါရီယာအသင်း အကြောင်းကို မန္တလေး ပြန်ရောက်တော့မှ စပြီးလေ့လာရတာပါ။ သူတို့အသင်း ကစားတဲ့ ဗီဒီယို ဖိုင်ကို ကျွန်တော်တို့ မကြည့်ဖူးပေမယ့် ကစားသမားတွေကို စိတ်ဓါတ်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။ ကျွန်တော်တို့ ၀ါရီယာအသင်းကို တိုင်းပြည်နဲ့ ပရိသတ် အတွက် အနိုင် ကစားသွားမှာပါ” ဟု ပြောသည်။

ရတနာပုံအသင်းသည် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး အာရှချန်ပီယံလိဂ် ခြေစစ်ပွဲဝင်ခွင့် ရရှိသော အသင်းဖြစ်လာခဲ့သည်။ ရတနာပုံအသင်း ခေါင်းဆောင် သီဟစည်သူက ယင်းခြေစစ်ပွဲနှင့် ပတ်သက်၍ “ပြိုင်ပွဲတစ်မှာ အနိုင်အရှုံးဆိုတာ ရှိတာပါပဲ။ ကျွန်တော်တို့အနေနဲ့ ၀ါရီယာကို အနိုင်ရရှိမယ်လို့ ကျိန်းသေမပြောနိုင် ပေမဲ့ အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်ကစားသွာမှာပါ” ပြောခဲ့သည်။

Soccer Myanmar

No comments:

Post a Comment