Pages

Tuesday, February 3, 2015

ယူနိုက်တက် ကွင်းလယ် ကစားသမား ဖလက်ချာကို ဝက်စ်ဘရွန်း ခေါ်ယူ



ယူနိုက်တက် ကွင်းလယ် ကစားသမား ဖလက်ချာကို ဝက်စ်ဘရွန်း ခေါ်ယူ

ဝက်စ်ဘရွန်း အသင်းသည် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဒါရင်းဖလက်ချာကို နှစ်နှစ်ခွဲ စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။
စကော့တလန် လက်ရွေးစင် ကစားသမားသည် ဇန်နဝါရီ အပြောင်းအရွှေ့ ရာသီတွင် ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ရန် စီစဉ် ခဲ့သော်လည်း ၎င်း၏ အပြောင်းအရွှေ့မှာ စနေနေ့တွင် ပျက်ပြယ်ခဲ့သည်။ ထို့နောက်တွင် ဖလက်ချာကို ခေါ်ယူရန် ဝက်စ်ဘရွန်းနှင့် တိုနီပူးလစ် တို့က ချဉ်းကပ်ခဲ့ကြပြီး အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် အပြီးသတ်ခေါ်ယူ ခဲ့သည်။
အိုးထရတ်ဖို့ဒ်တွင် ကစားခဲ့သည့် ကာလအတွင်း ယူနိုက်တက်အတွက် ၃၄၂ ပွဲ ကစားထားသည့် အသက် ၃၁ နှစ်အရွယ် ဖလက်ချာသည် ယခုနှစ် ဘောလုံးရာသီအစက လူးဝစ်ဗန်ဂါးလ်၏ ဒုတိယအသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။
သို့သော်လည်း မိုက်ကယ်ကာရစ် ဒဏ်ရာမှ ပြန်လည် သက်သာ လာပြီးနောက် ဖလက်ချာမှာ တတိယ အသင်းခေါင်းဆောင် အဖြစ် ပြောင်းလဲ ခံခဲ့ရပြီး ယခုနှစ် ပရီးမီးယားလိဂ် ရာသီတွင်လည်း ၄ ပွဲသာ ပါဝင် ကစားခဲ့ရသည်။

Soccer Myanmar

No comments:

Post a Comment