Pages

Tuesday, February 3, 2015

အန်တိုနယ်လီကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း အေစီမီလန် ကြေညာ



အန်တိုနယ်လီကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း အေစီမီလန် ကြေညာ

လူကာ အန်တိုနယ်လီကို ဂျီနိုအာအသင်းမှ မဖော်ပြသော ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း အေစီမီလန်အသင်းက ကြေညာခဲ့သည်။
အသက် ၂၇ နှစ်အရွယ် အန်တိုနယ်လီသည် ၂၀၁၈ ခုနှစ်အထိ ဆန်စီရိုတွင် ရှိနေမည်ဖြစ်ပြီး အသင်းသစ်တွင် ကျောနံပါတ် ၃၁ ကို ဝတ်ဆင်မည် ဖြစ်သည်။
မီလန်လူငယ် အကယ်ဒမီထွက် အန်တိုနယ်လီသည် ပထမ အသင်းတွင် နေရာရရန် ရုန်းကန်ခဲ့ရပြီးနောက် ၂၀၀၇-၀၈ ဘောလုံးရာသီတွင် ဘာရီအသင်းသို့ အငှားဖြင့် သွားရောက်ကစားခဲ့ရသည်။ ထို့နောက်တွင် အန်တိုနယ်လီသည် ပါးမားသို့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့သည်။
အန်တိုနယ်လီသည် ၂၀၁၁ ခုနှစ်တွင် ဂျီနိုအာသို့ ပြောင်းရွှေ့ခဲ့ကာ အသင်း၏ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီးနောက် ၎င်း၏ ငယ်စဉ်ဘဝ အသင်းဖြစ်သည့် မီလန်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါ ဘယ်နောက်ခံ ကစားသမားသည် မီလန်၏ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ငါးဦးမြောက်ဦး ခေါ်ယူသည့် ကစားသမား ဖြစ်လာခဲ့သည်။

Soccer Myanmar

No comments:

Post a Comment