Pages

Tuesday, February 3, 2015

ဖီအိုရင်တီးနားမှ ကွာဒရာဒိုကို ချယ်ဆီး အပြီးသတ်ခေါ်ယူ



ဖီအိုရင်တီးနားမှ ကွာဒရာဒိုကို ချယ်ဆီး အပြီးသတ်ခေါ်ယူ

ဖီအိုရင်တီးနား ကွင်းလယ်တောင်ပံ ကစားသမား ဟွမ်ကွာဒရာဒိုကို ချယ်ဆီးက အပြီးသတ် ခေါ်ယူနိုင်ခဲ့သည်။
ချယ်ဆီးသည် ကွာဒရာဒိုအတွက် စီးရီးအေအသင်း၏ မန်နေဂျာ ဗင်ဆန်ဇို မွန်တယ်လားနှင့် ကာလအတန်ကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အပြောင်းအရွှေ့၏ တစ်စိတ်တစ်ပိုင်း အဖြစ် ချယ်ဆီး ကစားသမား မိုဟာမက်ဆာလားကို ဖီအိုရင်တီးနားသို့ ခြောက်လ အငှားချထားရမည် ဖြစ်သည်။
အန်ဒရီ ရှာရယ်လ်သည် ဝုဖ်ဘတ်သို့ ပေါင် ၂၂ သန်းဖြင့် ပြောင်းရွှေ့ရန် အတည်ပြုခဲ့ပြီးနောက် ကွာဒရာဒိုနှင့် ချယ်ဆီးတို့က လေးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဖလားတွင် ကိုလံဘီယာအသင်းနှင့် ခြေစွမ်းပြသခဲ့သည့် ကွာဒရာဒိုကို နွေရာသီက ဘာစီလိုနာနှင့် မန်ချက်စတာတို့က ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ပေ။
ကွာဒရာဒိုသည် ၂၀၀၉ ခုနှစ်က အင်ဒီပန်ဒီရန်တီ မန်ဒယ်လင်အသင်းမှ အူဒီးနီးစ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဖီအိုရင်တီးနားက ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

Soccer Myanmar

No comments:

Post a Comment