Pages

Tuesday, February 3, 2015

မီလန်တွင် ဆေးစစ်မှုခံယူနေသည့် ပေါ်လက်တာ



မီလန်တွင် ဆေးစစ်မှုခံယူနေသည့် ပေါ်လက်တာ

လီဗာပူးလ် နောက်ခံလူဟောင်း ဂါဘရီရယ် ပေါ်လက်တာသည် အေစီမီလန်တွင် ဆေးစစ်မှု ခံယူလျက်ရှိကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ် ပေါ်လက်တာသည် အပြောင်းအရွှေ့ နောက်ဆုံးရက် မနက်တွင် မီလန်ရှိ လာမက်ဒွန်နီယာ ဆေးခန်းသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် မီလန်နည်းပြ ဖိလစ်ပို အင်ဇာဂီအတွက် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ကစားသမားသစ် နောက်ဆုံးခေါ်ယူမှု ဖြစ်လာမည် ဖြစ်သည်။ မီလန်သည် ယခု အပြောင်းအရွှေ့ရာသီတွင် အလက်ဆီယိုဆာချီ၊ ဆူဆို၊ ဆယ်လ်ဗေတိုရီ ဘိုချက်တီနှင့် မတ်တီယာ ဒက်စထရိုတို့ကို ခေါ်ယူထားသည်။
ဘူနိုအေးရိစ်တွင် မွေးဖွားခဲ့သော်လည်း အီတလီနိုင်ငံသား ခေါ်ယူထားသည့် အဆိုပါ ဗဟိုနောက်ခံ ကစားသမားသည် ၂၀၁၀ ခုနှစ်က ပါးမားသို့ ရောက်ရှိခဲ့ပြီးနောက် အီတလီအသင်းအတွက် ၄ ပွဲ ပါဝင်ကစားထားသူ ဖြစ်သည်။ ၎င်းသည် ၂၀၀၆-၀၇ ဘောလုံးရာသီတွင် လီဗာပူးလ်၌ ကစားခဲ့ပြီးနောက် ဘိုကာဂျူနီယာတွင် သုံးနှစ်ခန့် ကစားခဲ့သည်။ဘန်ဖီးလ် လူငယ် စီမံကိန်းမှ ထွက်ပေါ်လာခဲ့သည့် ပေါ်လက်တာသည် လီဗာပူးလ်သို့ မပြောင်းရွှေ့မီ အသက် ၁၉ နှစ်အရွယ်တွင် ဘန်ဖီးလ်အသင်း၌ စတင်ကစားခဲ့သူ ဖြစ်သည်။
ပေါ်လက်တာသည် အင်္ဂလန်တွင် အောင်မြင်မှု မရခဲ့သောကြောင့် ဘိုကာဂျူနီယာတွင် ၎င်း၏ ကစားသမားဘဝကို ဘိုကာဂျူနီယာတွင် ပြန်လည်စတင်ခဲ့သည်။ ၎င်းသည် ၂၀၁၄ ခုနှစ် မတ်လတွင် စပိန်အသင်းနှင့် ရင်ဆိုင်ခဲ့သည့် ပွဲ၌ အီတလီအသင်းနှင့် ပွဲထွက်ပါဝင်ခဲ့သည်။

Soccer Myanmar

No comments:

Post a Comment