Pages
▼
Thursday, February 5, 2015
ဂျိမ်းစ်ရိုဒရီဂွက်ဇ် ခြေဖမိုးရိုးကျိုး ဒဏ်ရာရခဲ့ကြောင်း ရီးယဲမက်ဒရစ် အတည်ပြု
ဂျိမ်းစ်ရိုဒရီဂွက်ဇ် ခြေဖမိုးရိုးကျိုး ဒဏ်ရာရခဲ့ကြောင်း ရီးယဲမက်ဒရစ် အတည်ပြု
ရီးယဲမက်ဒရစ်သည် ဂျိမ်းရိုဒရီဂွက်၏ ခြေဖမိုးရိုးကျိုး ဒဏ်ရာ ရရှိမှု အပေါ် အတည်ပြုခဲ့သည်။
ဂျိမ်းစ်သည် ဗုဒ္ဓဟူးနေ့ညက ဆီဗီလာနှင့် ယှဉ်ပြိုင်ခဲ့သော လာလီဂါ ပွဲစဉ်တွင် ညာဘက်ခြေထောက် နာကျင်မှုကြောင့် ပထမပိုင်းမှာပင် လူစားလဲခဲ့ရသည်။ ရီးယဲမက်ဒရစ်က ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အဆိုပါပွဲစဉ်တွင် ကိုလံဘီယာ လက်ရွေးစင် ကစားသမားက အဖွင့်ဂိုး သွင်းယူခဲ့သည်။ ဒဏ်ရာကြောင့် လူစား လဲခဲ့ပြီးနောက် ရိုဒရီဂွက်ဇ်ကို ဆေးရုံသို့ သယ်ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် ၎င်း၏ ပဉ္စမမြောက် ခြေဖမိုးရိုး ကျိုးသွားခဲ့ကြောင်း မက်ဒရစ်မှ အတည်ပြုခဲ့သည်။
တစ်ဆက်တည်းမှာပင် ပွဲချိန် ၉ မိနစ်တွင် လူစားလဲခဲ့ရသည့် ရာမို့စ်သည်လည်း တံကောက်ကြော ဒဏ်ရာ ပြဿနာနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
မက်ဒရစ် ဒါဘီပွဲတွင် ခရစ္စတီယာနို ရော်နယ်ဒို ပြန်လည် ပါဝင်နိုင်ဖွယ်ရှိသော်လည်း ဂျိမ်းစ်နှင့် ရာမို့စ်တို့၏ ဒဏ်ရာပြဿနာက အန်ဆယ်လော့တီအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။
ဂျိမ်းစ်သည် ရော်နယ်ဒို ပွဲပယ်ခံရချိန်တွင် ပါဝင်ကစားခဲ့ပြီးနောက် နှစ်ပွဲစလုံးတွင် ဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့အပြင် ရာမို့စ် ဒဏ်ရာ ရရှိသွားသောကြောင့် မက်ဒရစ်၏ ဗဟိုခံစစ်ပိုင်း၌ ကြံ့ခိုင်မှု ပြည့်ဝသည့် ကစားသမားဟူ၍ ရာဖေးလ်ဗာရိန်းနှင့် နာချိုဖာနန်ဒက်စ်သာ ကျန်ရှိတော့သည်။
Soccer Myanmar
No comments:
Post a Comment