Pages

Thursday, February 5, 2015

ကြိုတင်ပြင်ဆင်မှု အားနည်းချက် ကြောင့်မဟုတ်ဘဲ ကံတရားကြောင့် ရှုံးနိုမ့်ခဲ့ခြင်း ဟုရတနာပုံ နည်းပြပြောကြား



ကြိုတင်ပြင်ဆင်မှု အားနည်းချက် ကြောင့်မဟုတ်ဘဲ ကံတရားကြောင့် ရှုံးနိုမ့်ခဲ့ခြင်း ဟုရတနာပုံ နည်းပြပြောကြား

PHOTO: MIZZIMA MEDIA
ရတနာပုံအသင်းသည် စင်ကာပူကလပ် ၀ါရီယာ အသင်းကို အိမ်ကွင်းတွင် ပင်နယ်တီ အဆုံးအဖြတ်နှင့် ရှုံးနိမ့်ခဲ့ရပြီး ခြေစစ်ပွဲအဆင့်မှ ထွက်ခွာခဲ့ ရခြင်းသည် ပြင်ဆင်မှု အားနည်းချက်ကြောင့် မဟုတ်ပဲ ကံတရားနှင့် အဆုံးသတ်မသေချာမှုများ ကြောင့်ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်ဟု ဦးကြည်နိုင်က ပြောကြားလိုက်သည်။

ရတနာပုံအသင်းနှင့် ၀ါရီယာ အသင်းတို့၏ ပွဲစဉ်မတိုင်မီ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၀ါရီယာ အသင်းနည်းပြ အနေဖြင့် ရတနာပုံအသင်း ကစားခဲ့သည့် အခွေများကို ကြည့်ခွင့် ရရှိခဲ့သော်လည်း ရတနာပုံ အသင်းအနေဖြင့် ပြိုင်ဘက်အသင်း၏ ကစားပုံများကို ကြည့်ရှုခွင့် မရရှိခဲ့ကြောင်း နှစ်ဖက်နည်းပြ များက ဖွင့်ဟခဲ့သည်။

ရတနာပုံအသင်းနည်းပြ ဦးကြည်နိုင်က “ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တယ် ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ၀ါရီယာနဲ့ ပွဲမှာ ကစားသွားတဲ့ ခြေစွမ်းကို ကြည့်မယ်ဆိုရင် ပြင်ဆင်မှု အားနည်းခဲ့လို့ ရှုံးနိမ့်ခဲ့တာ မဟုတ်ပဲ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့ အပြင် ကံတရားကလည်း ကျွန်တော်တို့ဘက်မှာ ရှိမနေခဲ့တာကြောင့် အခုလို ရှုံးနိမ့်ခဲ့ရတာပါ”ဟု ပြောသည်။

ရတနာပုံအသင်းသည် အာရှချန်ပီယံလိဂ် ပြိုင်ပွဲ၏ ပထမအဆင့် ခြေစစ်ပွဲပထမအဆင့်တွင် ပြိုင်ဘက်ဝါရီယာ အသင်းကို ခြေစွမ်းအသာ၊ ဂိုးဖန်တီးခွင့် အသာနှင့် ကစားနိုင်ခဲ့သော်လည်း ရရှိခဲ့သည့် အပိုင်အခွင့် အရေးများကို အသုံးမချနိုင်ခဲ့ပဲ ပင်နယ်တီ အဆုံးအဖြတ်ခံယူရာ တောင်ပံကစားသမား စည်သူအောင်၏ လွဲချော်မှုနှင့် ရှုံးနိမ့်ခဲ့ရ ခြင်းဖြစ်သည်။

Soccer Myanmar

No comments:

Post a Comment