Pages

Friday, February 6, 2015

ဒေါ့မွန်နည်းပြ ရာထူးမှ နှုတ်ထွက်မည် မဟုတ်ကြောင်း ကလော့ပ် ဆို



ဒေါ့မွန်နည်းပြ ရာထူးမှ နှုတ်ထွက်မည် မဟုတ်ကြောင်း ကလော့ပ် ဆို

ဗုဒ္ဓဟူးနေ့က အော့စ်ဘတ်ကို ၁-၀ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန် အောက်ခြေတွင် ရပ်တည်နေသည့် ဘိုရပ်ရှားဒေါ့မွန်အသင်းမှ ထွက်ခွာမည် မဟုတ်ကြောင်း ဂျာဂင်ကလော့ပ်က ပြောကြားလိုက်သည်။


၂၀၁၅ ခုနှစ်ကို ဘိုင်ယန် လီဗာကူဆင်နှင့် ဂိုးမရှိ သရေရလဒ်ဖြင့် စတင်ခဲ့သည့် ဒေါ့မွန်တွင် ဆောင်းရာသီ အားလပ်ရက်၌ အသင်းမှ ကစားသမားများ တိုးတက်မှုရှိလာသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် အသင်း၏ နည်းပြရာထူးအတွက် မိမိသာလျှင် အသင့်လျော်ဆုံးသူ ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ဒေါ့မွန်ကို ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲသို့ တက်ရောက်စေရန် လမ်းညွှန်ခဲ့သည့် အသက် ၄၇ နှစ်အရွယ် ကလော့ပ်က ပြောကြားခဲ့သည်။


“ကျွန်တော့်ရဲ့ ဘက်ထရီက ဆောင်းရာသီ အားလပ်ရက်အပြီးမှာ အားအပြည့်ရှိနေပါတယ်။ ဒါက နှစ်ပွဲလောက် ကစားရုံနဲ့ ကုန်ခမ်းသွားမှာ မဟုတ်ပါဘူး။ ကျွန်တော် နည်းပြ ရာထူးကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။ လက်ကျန် ဘောလုံးရာသီမှာ အသင်းရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင် လိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ကလော့ပ်က ဆိုခဲ့သည်။


ဒေါ့မွန်သည် စနေနေ့တွင် ဖရိုင်းဘတ်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Soccer Myanmar

No comments:

Post a Comment