Pages

Sunday, February 1, 2015

ဗန်ပါစီနှင့် ဖယ်ကာအိုတို့၏ သွင်းဂိုးများဖြင့် လက်ဆက်စတာကို အလွယ်တကူ အနိုင်ရခဲ့သည့် ယူနိုက်တက်



ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) မန်ချက်စတာယူနိုက်တက်နှင့် လက်ဆက်စတာစီးတီး ပွဲစဉ်တွင် အိမ်ရှင် ယူနိုက်တက်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ ဗလင်စီယာ၊ ဂျုံးစ်၊ ရိုဟို၊ ရှော၊ ဘလင်း၊ ဂျနူဇက်၊ ဒီမာရီယာ၊ ရွန်နီ၊ ဗန်ပါစီ၊ ဖယ်ကာအိုတို့ ပွဲထွက်ပါဝင်ခဲ့သည်။

လက်ဆက်စတာစီးတီးတွင် ရှဝါဇာ၊ ဆစ်ဆန်၊ ဝါဆီလူစကီ၊ မော်ဂန်၊ ဒီလတ်၊ ဒရင့်ခ်ဝါးတား၊ ကင်း၊ ဗာဒီ၊ ကရာမာရစ်၊ ရှာလပ်၊ အူလိုအာတို့ ပါဝင်ကစားခဲ့သည်။

ယခုပွဲစဉ်တွင် ယူနိုက်တက်သည် ယခင်ပွဲစဉ်များထက် ဘောလုံးအပေးအယူ လျင်လျင်မြန်မြန်ဖြင့် ကစားသွားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ပိုမိုရရှိခဲ့သည်။ ပွဲချိန် ၂၇ မိနစ်တွင် ယူနိုက်တက်က အဖွင့်ဂိုး ရရှိခဲ့ပြီး အဆိုပါဂိုးကို ဘလင်း၏ အကွက်မြင်မြင် ဖြတ်တင်မှုမှတစ်ဆင့် ဗန်ပါစီက မြေမကျ ကန်သွင်းကာ ရယူခဲ့သည်။ ၃၁ မိနစ်တွင် ယူနိုက်တက်က ဒုတိယဂိုး ရရှိခဲ့ပြီး ၎င်းဂိုးကို ဒီမာရီယာက ဗန်ပါစီ ဖန်တီးပေးသည့် ဘောလုံးကို ကန်သွင်းရာ ရှာဝါဇာ ပုတ်ထုတ်မှုမှတစ်ဆင့် ဖယ်ကာအိုက ထပ်ဆင့်ပိတ်သွင်းကာ ရယူခဲ့သည်။ ၄၄ မိနစ်တွင် ရွန်နီ၏ ထောင့်ကန်ဘောအား ဘလင်း ခေါင်းတိုက်သွင်းရာ မော်ဂန်နှင့်ထိ၍ လမ်းကြောင်းပြောင်းကာ ဂိုးထဲဝင်သွားသောကြောင့် ယူနိုက်တက်က တတိယဂိုး ရရှိခဲ့သည်။ ၅၈ မိနစ်တွင် ဘလင်း ခင်းပေးလိုက်သည့် ဘောလုံးကို ဂျနူဇက်ကန်သွင်းသော်လည်း ဂိုးဘားပေါ်ကျော်သွားခဲ့သည်။ ၈၀ မိနစ်တွင် အယ်ဘရိုက်တန် ညာခြမ်းမှ ဖြတ်တင်ပေးသည့် ဘောလုံးအား ဝါဆီလူစကီက ခေါင်းတိုက်သွင်းယူကာ လက်ဆက်စတာ အတွက် ချေပဂိုး တစ်ဂိုးရယူခဲ့သည်။ နောက်ပိုင်းတွင် ယူနိုက်တက်က ပွဲကို ထိန်းချုပ်ကစားခဲ့သောကြောင့် ပွဲအပြီးတွင် အိမ်ရှင်အသင်းက လက်ဆက်စတာစီးတီးကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Soccer Myanmar

No comments:

Post a Comment