Pages

Tuesday, February 10, 2015

ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရန် နိုင်ပွဲများ လိုအပ်ကြောင်း မန်စီးတီး အသင်းဖော်များကို ယာယာတိုရေး သတိပေး



ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရန် နိုင်ပွဲများ လိုအပ်ကြောင်း မန်စီးတီး အသင်းဖော်များကို ယာယာတိုရေး သတိပေး

မန်ချက်စတာစီးတီး အနေဖြင့် လက်ကျန် ပွဲစဉ်များကို အနိုင် ရရှိခဲ့ပါက ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု ယာယာတိုရေးက ပြောကြားလိုက်သည်။

အိုင်ဗရီကို့စ် အသင်းနှင့် အာဖရိကနိုင်ငံများ ဖလားတွင် ဗိုလ်စွဲခဲ့ပြီးနောက် ပြိုင်ပွဲ၏ စွမ်းဆောင်ရည်အချို့ကြောင့် ဝေဖန်ခံခဲ့ရသည့် တိုရေးက မိမိအနေဖြင့် မန်စီးတီးတွင် ပါဝင်ကစားရန် အသင့် ရှိနေကြောင်း ဆိုခဲ့သည်။

သို့သော်လည်း မန်စီးတီးနှင့် ၇ မှတ်ကွာဟနေသည့် ချယ်ဆီးကို အမီလိုက်ရန်မှာ မလွယ်ကူကြောင်း ယာယာတိုရေးက ဆိုခဲ့သည်။

“ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ တစ်ပွဲနှစ်ပွဲပဲ ကစားတာနဲ့ ချန်ပီယံ မဖြစ်နိုင်ပါဘူး။ ၃၈ ပွဲ ကစားပြီးမှ ချန်ပီယံ အဖြေ ထွက်တာပါ။ ဒါကြောင့် အသင်း အနေနဲ့ ချန်ပီယံဘွဲ့ကို ဆက်ထိန်း ထားချင်တယ် ဆိုရင် ပွဲစဉ် အားလုံးကို အနိုင် ရရှိဖို့ လိုပါတယ်။ ဒါဟာ ခက်ခဲလိမ့်မယ်ဆိုတာကို ကျွန်တော်သိပါတယ်။ အခုအချိန်မျာ ကျွန်တော် မန်စီးတီးကို ပြန်သွားပြီး ပါဝင်ကစားဖို့ အသင့် ရှိနေပါပြီ” ဟု တိုရေးက ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment