Pages

Friday, March 6, 2015

အာဆင်နယ်နောက်ခံလူ ဂါဘရီရယ် သုံးပတ်ခန့် အနား ယူရဖွယ်ရှိ



အာဆင်နယ်နောက်ခံလူ ဂါဘရီရယ် သုံးပတ်ခန့် အနား ယူရဖွယ်ရှိ
Written by  အောင်ငြိမ်းသွေး
အင်္ဂလန်၊ မတ် ၅။     ။ကျူပီအာအသင်းကို အာဆင်နယ်အသင်းက ၁-၂ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သော အာဆင်နယ်နောက် ခံကစား သမား ဂါဘရီရယ်သည် သုံးပတ်ခန့် အနားယူရဖွယ် ရှိကြောင်း နည်းပြအာစင်ဝင်းဂါးက အတည်ပြုခဲ့သည်။
ဇန်န၀ါရီအပြောင်းအရွှေ့ကမှ ပေါင် ၁၆ သန်းဖြင့် အာဆင်နယ် သို့ရောက်ရှိ လာခဲ့သည့် ဂါဘရီရယ်သည် ပြီးခဲ့သည့် အဲဗာတန်နှင့် ပွဲစဉ်ကမှ ပွဲချိန်ပြည့် ပွဲထွက် ကစားခွင့်ရခဲ့ပြီး ယခုပွဲတွင် ဒဏ်ရာရ ခဲ့ခြင်းဖြစ်သည်။
ဂါဘရီရယ်သည် ထိုပွဲစဉ်တွင် ပထမပိုင်း ပွဲချိန် ၃၆ မိနစ်မှာပင် ဒဏ်ရာ  ရရှိခဲ့ပြီး ကိုစီရယ်နီနှင့် လူစားလဲ ခဲ့ရသည်။ ထိုဒဏ်ရာကြောင့် ၎င်းသည် မန်ယူနှင့်ယှဉ် ပြိုင်ရမည့် အက်ဖ်အေဖလား ကွာတား ဖိုင်နယ်ပွဲစဉ်ကို လွဲချော်ရတော့ မည်ဖြစ်ပြီး ကိုစီရယ်နီနှင့် မာတီဆက်ကာတို့သာ တွဲဖက် ပွဲထွက် လာဖွယ် ရှိနေသည်။
အာစင်ဝင်းဂါးက 'ဂါဘရီရယ်ဟာ တံကောက်ကြောမှာ ဒဏ်ရာ ရရှိခဲ့တာပါ။ သူ့ဒဏ်ရာက ဘယ်လောက်ဆိုး သလဲဆိုတာ မသိသေးပါဘူး။ ပုံမှန် ဆိုရင်တော့ အနည်းဆုံး ၂၁ ရက်လောက် အနားယူရပါတယ်' ဟု ပြောသည်။

Mizzima

No comments:

Post a Comment